ဒီမှာကောင်လေး၊ လူတိုင်းဟာ ဈေးသည်ချည်းပဲကွ။ မင်းကိုမင်း အင်ဂျင်နီယာတစ်ယောက်လို့ မင်းထင်နေတယ်မလား။ တကယ်တော့ မင်းဟာလည်း ဈေးသည်ပဲ။ မင်းရဲ့ပညာကို မင်းကရောင်းစားနေရတာ။ မင်းရဲ့ ရောင်းကုန်က မင်းရဲ့ပညာပဲ။
မင်းအစ်ကိုဟာ ဆရာဝန်တစ်ယောက်။ သူလည်းပဲ ဈေးသည်ပဲ။ သူ့ပညာကို သူရောင်းစားနေရတာ။ မင်းအဖေလည်း ဈေးသည်ပဲ။ မင်းအမေလည်း ဈေးသည်ပဲ။ အားလုံးဟာဈေးသည်ချည်းပဲကွ။ ဒီတော့ လူတိုင်းဟာ ဈေးရောင်းတဲ့ အတတ်ပညာကို တတ်ကိုတတ်ထားရမယ်ကွ။
ဈေးရောင်းတဲ့နေရာမှာ အဓိကအရေးကြီးဆုံးက ဘာလဲ။ မင်းရဲ့ ရောင်းကုန်ကို ဝယ်သူဝယ်ချင်လာအောင် ပြောတတ်ဖို့မဟုတ်ဘူး။ အဲဒါက နံပါတ်နှစ်။ တစ်က သူရဲ့လိုအပ်ချက်ကို မင်းက ထောက်ပြရမှာ။ ငါ့ကို ဒီဘောပင်လေး ရောင်းပြစမ်းကွာ။ မင်းမရောင်းတတ်ဘူးပေါ့။ ငါရောင်းပြမယ်။
"ကောင်လေး၊ မင်းရဲ့လက်မှတ်လေး ဦးပုဝါပေါ်မှာ ထိုးပေးပါလားကွယ်။" "ကျွန်တော့်မှာ ဘောပင်မပါဘူး ဦးရဲ့။"
"အေး..အဲဒါဆို ဦးရောင်းမယ်လေ။ မင်းဝယ်ပါလား။"
ငါပြောချင်တာ အဲဒါပဲ....။ သူ့လိုအပ်ချက်ကို ထောက်ပြတတ်ရင် မင်းရဲ့ကုန်ပစ္စည်း ရောင်းထွက်ဖို့ တစ်ဝက်သေချာနေပြီ။
နှစ်က မင်းရဲ့တော်ကီပဲ။ တော်ကီညက်ရင် ရောင်းပန်းဝယ်ပန်းပွင့်ပြီပဲ။ မင်း Jordan Belfort ကိုသိလား။ The Wolf Of Wall Street ဇာတ်ကားထဲက Leonardo DiCaprio ရဲ့ ဇာတ်ကောင်လေ။ အေး...အဲဒီလူက ဇာတ်ကားတစ်ကားလုံး ဘာနဲ့အသက်မွေးသွားလဲသိလား။ တော်ကီနဲ့။ သူ တော်ကီနဲ့ ပိုက်ဆံရှာသွားတာ။ စကားအပြောအဆိုညက်ချက်ကတော့ကွာ.. ။ မင်းလည်း ကြည့်ဖူးပြီးသွားပြီပဲ။ ဦးလေးပြောတာကို သဘောပေါက်မှာပါ။
အေး...အေး...။ အဲဒါက နံပါတ်နှစ်။
ဘာပဲလုပ်လုပ်ကွ။ တက်တက်ကြွကြွလုပ်ဖို့တော့ အရေးကြီးတယ်။ စတိုးဆိုင်တစ်ဆိုင်ထဲ မင်းက ဝင်သွားတယ်။ ဆိုင်ရှင်က ပက်လက်ကုလားထိုင်ပေါ်မှာ။ ထိုင်ရာက မထဘူး။ "ဘာလိုချင်လို့လဲ၊ ချာတိတ်"။ မေးပုံက အေးတိအေးစက်နဲ့။ အဲဒါ ကိုယ့်စားပေါက်ကိုယ်ပိတ်တဲ့ဆိုင်လို့ ခေါ်တယ်။ တစ်ခါဝယ်ဖူးတဲ့လူက နောက်တစ်ခါ ဘယ်တော့မှ လာမဝယ်တော့ဘူး။ မင်းမွဲဆေးဖော်စားချင်တယ်ဆိုရင် တော့ အဲဒါမျိုး များများလုပ်ပေါ့ကွာ။
သူ့ဘေးကပ်ရပ်က နောက်တစ်ဆိုင်ကို မင်းထပ်ဝင်သွားတယ်။ ဆိုင်ရှင်က မင်းကိုလည်းမြင်ရော။ ထိုင်ခုံကနေ ထလာတယ်။ "ဘာလိုချင်လို့တုန်း ညီလေး။ လွတ်လွတ်လပ်လပ်ကြည့်ပါ။" ကျွန်တော်ဘာလေးလိုချင်လို့ပါ။ မင်းက ပြောလိုက်တာနဲ့ ဆိုင်ရှင်က သူ့မှာရှိတဲ့ ပစ္စည်းတွေကို ထုတ်ပြလိမ့်မယ်။ တစ်မျိုးချင်းစီရဲ့ အကျိုးအပြစ်ကို စိတ်ရှည်လက်ရှည် ရှင်းပြလိမ့်မယ်။ မင်းရဲ့ Need ကို သူကသိသွားပြီ။ မင်းရဲ့ Want ကို သူရောင်းပြလိမ့်မယ်။ ဒါပဲလေ...။ မင်းအိတ်ကပ်ထဲကပိုက်ဆံ သူ့ဆီရောက်သွားပြီ။ အေး....အဲဒါက နံပါတ်သုံးကွ။
အေး...စိတ်ဓာတ်တက်ကြွနေဖို့လိုတ ယ်ဆိုတာကို မင်းလည်း သဘောပေါက်ရောပေါ့။ ဒါပေမယ့် အတုအယောင်တက်ကြွမှုမျိုးတော့ မဖြစ်စေနဲ့။ မူးယစ်ဆေးဝါးနဲ့ အရက်ကို အတတ်နိုင်ဆုံးရှောင်ကွ။ အဲဒါတွေကို သုံးပြီး စိတ်ဓာတ်တက်ကြွအောင် မလုပ်ယူနဲ့။ အဲဒါဟာ ကြာရှည်မခံပါဘူးကွာ။ မင်းကို ဒုက္ခပေးမယ့်အရာတွေကြီးပါပဲ။
နံပါတ်လေးအချက်က အလုပ်နဲ့ ကိုယ်ရေးကိုယ်တာနဲ့ကို အမြဲတမ်းခွဲခြားထား။ ဘယ်တော့မှ မရောပစ်နဲ့။ မင်းဘာသာမင်း အပြင်မှာ ဘယ်လောက်ပဲ ဒေါသထွက်နေနေ။ အလုပ်ကိုရောက်ရင် အဲဒီဒေါသကို အပေါက်ဝမှာ ထားခဲ့။ အထဲသွင်းမလာနဲ့။ ဝယ်သူနဲ့စကားပြောရင် အပြုံးချိုချိုလေးနဲ့ မျက်နှာချိုချိုလေးနဲ့ ဆက်ဆံ။ ဝယ်သူက ဝယ်မှ မင်းပစ္စည်းရောင်းထွက်မှာ။ မင်းဘာသာမင်း ဘယ်လောက်တော်တော်။ ဆုံးဖြတ်ချက်က ဝယ်သူ့လက်ထဲမှာ။ အဲဒါကို ဘယ်တော့မှ မမေ့နဲ့။
တရားမဝင် ဥစ္စာရှာဖို့ ဘယ်တော့မှစိတ်မကူးနဲ့ ငါ့တူ။ အဲသလိုလုပ်ရင် မင်းချမ်းသာမှုဟာ မတည်မြဲဘူး။ မခိုးနဲ့၊ မဝှက်နဲ့။ ရိုးရိုးသားသားရောင်းစား။ ကြိုးကြိုးစားစားလုပ်။ မင်းမိန်းမကိုချစ်သလို အလုပ်ကိုလည်းချစ်။ ဘာလုပ်လုပ် စေတနာလေးထည့်လုပ်။ မင်းမချမ်းသာရင် ငါ့ကိုကြိုက်သလိုပြော။ ဒါက နံပါတ်ငါး။
နောက်ဆုံး ခြောက်ခုမြောက်အနေနဲ့ မင်းကို ငါသတိပေးလိုက်မယ် ကောင်လေး။ လူတွေဟာ အောင်မြင်လာရင် အောက်ခြေလွတ်တတ်တယ်။ အဲဒီနေ့ဟာ မင်းထိပ်ဆုံးကနေ ပြုတ်ကျတဲ့နေ့ပဲ။ မသေမချင်းမှတ်ထား။ ဘယ်တော့မှ ဘဝမမေ့နဲ့။
လူတစ်ယောက် တော်တယ်၊ မတော်ဘူးဆိုတာ သူဘယ်လောက် မြန်မြန်အောင်မြင်လာသလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်တာမဟုတ်ဘူး။ သူ့အောင်မြင်မှုကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်သလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်တာ။ နပိုလီယန်ပြောသွားတဲ့ စကားတစ်ခွန်းရှိတယ်။ "တောင်ကုန်းတစ်ခုကို သိမ်းရတာ လွယ်ပါတယ်။ အဲဒီတောင်ကုန်းကို ရန်သူ့လက်ထဲပြန်မပါအောင် ထိန်းရတာက ခက်တာ။"
ဒီခြောက်ချက်ကို သေချာနားလည်ထားရင် မင်းအောင်မြင်ပြီပဲ။ မင်း ဘာဖြစ်ချင်လဲ။ ဖြစ်ပြီပဲ။
------------------------------ ------------------------------ --------------
ကျွန်တော်သတိထားမိသလောက် ဒီဇာတ်ကားဟာ အဓိကအချက်အနေနဲ့ ဒီခြောက်ချက်ကို မီးမောင်းထိုးပြထားတာ တွေ့ရပါတယ်။
နံပါတ်လေးအချက်က အလုပ်နဲ့ ကိုယ်ရေးကိုယ်တာနဲ့ကို အမြဲတမ်းခွဲခြားထား။ ဘယ်တော့မှ မရောပစ်နဲ့။ မင်းဘာသာမင်း အပြင်မှာ ဘယ်လောက်ပဲ ဒေါသထွက်နေနေ။ အလုပ်ကိုရောက်ရင် အဲဒီဒေါသကို အပေါက်ဝမှာ ထားခဲ့။ အထဲသွင်းမလာနဲ့။ ဝယ်သူနဲ့စကားပြောရင် အပြုံးချိုချိုလေးနဲ့ မျက်နှာချိုချိုလေးနဲ့ ဆက်ဆံ။ ဝယ်သူက ဝယ်မှ မင်းပစ္စည်းရောင်းထွက်မှာ။ မင်းဘာသာမင်း ဘယ်လောက်တော်တော်။ ဆုံးဖြတ်ချက်က ဝယ်သူ့လက်ထဲမှာ။ အဲဒါကို ဘယ်တော့မှ မမေ့နဲ့။
တရားမဝင် ဥစ္စာရှာဖို့ ဘယ်တော့မှစိတ်မကူးနဲ့ ငါ့တူ။ အဲသလိုလုပ်ရင် မင်းချမ်းသာမှုဟာ မတည်မြဲဘူး။ မခိုးနဲ့၊ မဝှက်နဲ့။ ရိုးရိုးသားသားရောင်းစား။ ကြိုးကြိုးစားစားလုပ်။ မင်းမိန်းမကိုချစ်သလို အလုပ်ကိုလည်းချစ်။ ဘာလုပ်လုပ် စေတနာလေးထည့်လုပ်။ မင်းမချမ်းသာရင် ငါ့ကိုကြိုက်သလိုပြော။ ဒါက နံပါတ်ငါး။
နောက်ဆုံး ခြောက်ခုမြောက်အနေနဲ့ မင်းကို ငါသတိပေးလိုက်မယ် ကောင်လေး။ လူတွေဟာ အောင်မြင်လာရင် အောက်ခြေလွတ်တတ်တယ်။ အဲဒီနေ့ဟာ မင်းထိပ်ဆုံးကနေ ပြုတ်ကျတဲ့နေ့ပဲ။ မသေမချင်းမှတ်ထား။ ဘယ်တော့မှ ဘဝမမေ့နဲ့။
လူတစ်ယောက် တော်တယ်၊ မတော်ဘူးဆိုတာ သူဘယ်လောက် မြန်မြန်အောင်မြင်လာသလဲဆိုတာကို
ဒီခြောက်ချက်ကို သေချာနားလည်ထားရင် မင်းအောင်မြင်ပြီပဲ။ မင်း ဘာဖြစ်ချင်လဲ။ ဖြစ်ပြီပဲ။
------------------------------
ကျွန်တော်သတိထားမိသလောက် ဒီဇာတ်ကားဟာ အဓိကအချက်အနေနဲ့ ဒီခြောက်ချက်ကို မီးမောင်းထိုးပြထားတာ တွေ့ရပါတယ်။
'Supply And Demand' လို့ ဇာတ်ကားထဲမှာ ပြောသွားပါတယ်။ Demand ဟာ လူတိုင်းမှာ မရှိနိုင်ပါဘူး။ ဇာတ်ကားထဲမှာလည်း ထောက်ပြသွားပါတယ်။ ဗုဒ္ဓဘာသာတစ်ယောက်ကိုတော့ ပိုက်ဆံနဲ့ မြူဆွယ်လို့ မရဘူးတဲ့။ သူတို့က ပိုက်ဆံမမက်ဘူးတဲ့။
နောက် Demand ဟာ အမြဲတမ်းလည်း ရှိမနေနိုင်ပါဘူး။ ဟိုတစ်လောက ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တော့  သြစတြေးလျတစ်နိုင်ငံလုံး အရောင်းအဝယ်ကျဆင်းသွားပါတယ်။ သူတို့ရဲ့ အဓိကစီးပွားရေးက မွေးမြူရေးပါ။ ကမ္ဘာအနှံ့ကို နို့ထွက်ပစ္စည်းတွေ ပို့ပါတယ်။ အမဲသားလည်း အကြီးအကျယ်ဖြန့်ပါတယ်။ စီးပွားပျက်ကပ်ဆိုက်တော့ ဘယ်သူမှ မဝယ်ကြတော့ဘူး။ Demand မရှိတော့ဘူး။ သူတို့ဆီမှာ အမဲသားတွေ တောင်လိုပုံနေပြီ။ အဲဒီတော့ ဈေးကွက်ထဲမှာ အမဲသားဈေးနှုန်းကျလာပါပြီ။ ဈေးပေါလာပါတယ်။ ဒါကို မကျေနပ်နိုင်တဲ့ သြစတြေးလျတစ်နိုင်ငံလုံးဟာ သူတို့မှာရှိသမျှ နွားကောင်ရေ သိန်းနဲ့ချီပြီး သတ်ပစ်လိုက်ပါတယ်။ ဘယ်သူ့မှ မရောင်းပါဘူး။ မြေမြှုပ်ပစ်လိုက်ပါတယ်။ အဲဒီတော့မှ ဈေးပြန်တက်လာပါတယ်။
ဒီအဖြစ်အပျက်ကို ကြည့်ရင် စီးပွားရေးအရ လောဘတက်လာတဲ့အခါ အင်မတန်ကြောက်စရာကောင်းလာတယ်ဆို တာ သိနိုင်ပါတယ်။ အဲဒီလိုအတွေးအခေါ်မျိုး ဆရာဝန်တွေဆီမှာသာ ဝင်သွားရင်.....။
အရမ်းတော်တဲ့ဆရာဝန်တစ်ယောက်။ ပိုက်ဆံတွေအများကြီး ချမ်းသာချင်လာတယ်။ အဲဒီတော့ သူက ရောဂါပိုးတစ်ခုကို ဖန်တီးလိုက်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့ ရောဂါပိုးပေါ့။ ဖြေဆေးကလည်း သူ့ဆီမှာပဲ ရှိတယ်။ နိုင်ငံတစ်နိုင်ငံမှာပဲ အဲဒီပိုး ပြန့်တယ်ထားပါဦး။ သူ့အတွက်ကတော့ ငွေပုံကြီးပဲ။ ဖြေဆေးရောင်းစားလို့ ရပြီလေ။
ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ ဖြစ်နိုင်ပါတယ်။ KRISH 3 ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားမှာလည်း ဒါကို ထောက်ပြထားပါတယ်။ စီးပွားရေးအရ လောဘတက်လာရင် အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် ဥာဏ်ကြီးသူတွေ လောဘတက်လာရင် ပိုကြောက်ရပါတယ်။
ဒါကတော့ The Wolf Of Wall Street ကို ကြည့်နေရင်းနဲ့ ကျွန်တော်တွေးမိသလောက်ပါ။ တွေးရင်းတွေးရင်း ရင်ထဲမှာ မွန်းကြပ်လာလို့ ချရေးလိုက်တာပါ။
အမှားပါသွားရင် ခွင့်လွှတ်ပါ။ အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
နောက် Demand ဟာ အမြဲတမ်းလည်း ရှိမနေနိုင်ပါဘူး။ ဟိုတစ်လောက ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တော
ဒီအဖြစ်အပျက်ကို ကြည့်ရင် စီးပွားရေးအရ လောဘတက်လာတဲ့အခါ အင်မတန်ကြောက်စရာကောင်းလာတယ်ဆို
အရမ်းတော်တဲ့ဆရာဝန်တစ်ယောက်။ ပိုက်ဆံတွေအများကြီး ချမ်းသာချင်လာတယ်။ အဲဒီတော့ သူက ရောဂါပိုးတစ်ခုကို ဖန်တီးလိုက်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့ ရောဂါပိုးပေါ့။ ဖြေဆေးကလည်း သူ့ဆီမှာပဲ ရှိတယ်။ နိုင်ငံတစ်နိုင်ငံမှာပဲ အဲဒီပိုး ပြန့်တယ်ထားပါဦး။ သူ့အတွက်ကတော့ ငွေပုံကြီးပဲ။ ဖြေဆေးရောင်းစားလို့ ရပြီလေ။
ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ ဖြစ်နိုင်ပါတယ်။ KRISH 3 ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားမှာလည်း ဒါကို ထောက်ပြထားပါတယ်။ စီးပွားရေးအရ လောဘတက်လာရင် အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် ဥာဏ်ကြီးသူတွေ လောဘတက်လာရင် ပိုကြောက်ရပါတယ်။
ဒါကတော့ The Wolf Of Wall Street ကို ကြည့်နေရင်းနဲ့ ကျွန်တော်တွေးမိသလောက်ပါ။ တွေးရင်းတွေးရင်း ရင်ထဲမှာ မွန်းကြပ်လာလို့ ချရေးလိုက်တာပါ။
အမှားပါသွားရင် ခွင့်လွှတ်ပါ။ အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။







0 comments:
Post a Comment