ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ Apple ၏ iPhone နှင့် iPad ထုတ်ကုန်များ တရားဝင် တင်သွင်း ရောင်းချခွင့် လိုင်စင်ကို mDrive ရရှိ


Apple Inc. နည်းပညာကုမ္ပဏီ၏ တရားဝင်အသိအမှတ်ပြုချက်ဖြင့် မြန်မာနိုင်ငံတွင် အရောင်းစင်တာ စတင်ဖွင့်လှစ်ခဲ့သည့် mDrive သည် iPhone နှင့် iPad များကို ပြည်တွင်းသို့ တင်သွင်းနိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်လိုင်စင်ကို ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ပြည်တွင်း၌ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းမှ ဝင်ရောက်လာမည့် Apple ၏ iPhone နှင့် iPad ထုတ်ကုန်များကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး နောက်ဆက်တွဲ ပြုပြင်မှုများကိုလည်း တရားဝင် အသိအမှတ်ပြု ဆားဗစ်စင်တာတွင် ပြုပြင်နိုင်တော့မည်ဖြစ်သည်။

ယခုကဲ့သို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုင်စင်ကို ရရှိလိုက်ခြင်းကြောင့် mDrive ၌ iPhone နှင့် iPad ထုတ်ကုန်များကို ဝယ်ယူသူများသည် Apple ၏ တရားဝင်ဆားဗစ်စင်တာတွင် ပြုပြင်နိုင်တော့မည် ဖြစ်သည်။

“AAR (Apple Authorised Reseller) လိုင်စင်ရတာက ကြာပြီဆိုပေမယ့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်လိုင်စင်က အခုမှရတာ။ အခုလို ဝန်ကြီးဌာနရဲ့ လိုင်စင်ရလိုက်တာကြောင့် ဝယ်ယူသူတွေရမယ့် အားသာချက်က ဝယ်ယူပြီးနောက်ပိုင်း တစ်ခုခုဖြစ်ခဲ့ရင် ပြည်တွင်းက Apple ရဲ့ တရားဝင်ဆားဗစ် စင်တာမှာ ပဲ ပြင်လို့ရပြီ”ဟု mDrive ၏ အမှုဆောင်အရာရှိချုပ် ဦးမြတ်ထူးက ပြောကြားသည်။

ယခုကဲ့သို့ ဝန်ကြီးဌာန၏ တရားဝင်တင်သွင်းခွင့်လိုင်စင် ရရှိလိုက်ခြင်းကြောင့် AppleCare ဟူသည့် အာမခံကတ်များကိုပါ ပူးတွဲဝယ်ယူနိုင်တော့မည်ဖြစ်ပြီး အဆိုပါ အာမခံကတ် ဝယ်ယူထားသူများအနေဖြင့် သုံးစွဲသူပြစ်ချက်ကြောင့် Touch Screen ကွဲခြင်း၊ ရေစိုခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို နှစ်ကြိမ် တိတိ ပြန်လည်ပြင်ဆင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဦးမြတ်ထူးက ပြောသည်။

ထို့အပြင် အဆိုပါ အာမခံကတ်သည် ၂ နှစ်သက်တမ်းအထိ ရှိမည်ဖြစ်သည်။ Apple ၏ တရားဝင်အသိအမှတ်ပြု လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် mDrive တွင် MacBook ၊ iPhone နှင့် iPad ထုတ်ကုန်များကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

mDrive အနေဖြင့် ယခင်က iPhone နှင့် iPad Model ဟောင်းများကို အနည်းအကျဉ်းသာ တင်သွင်းမည်ဖြစ်ပြီး အသစ်ထပ်မံ ထွက်ရှိလာမည့် Apple ထုတ်ကုန်များကို နိုင်ငံတကာနှင့်တချိန်တည်း စတင်ဖြန့်ဖြူး ရောင်းချပေးနိုင်တော့မည် ဖြစ်သည်။ mDrive AAR အား လက်ရှိ Junction မော်တင်တွင် ဖွင့်လှစ်ထားပြီး mCare ASP အား မကြာမီ Junction Square တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

Credit to ==> Internet Journal
 
 
 
Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)
 
 
 

0 comments:

Post a Comment