Bloatware ဆိုတာကတော့ ထုတ်လုပ်သူများက ယင်းတို့ရဲ့ စမတ်ဖုန်းတွေထဲကို
ကြိုတင်ထည့် သွင်း ပေးထားပြီး သုံးစွဲသူက မကြိုက်သော်လည်း Uninstall လုပ်
ဖယ်ရှားလို့ မရနိုင်တဲ့ App များကို ခေါ်တာဖြစ်ပါတယ်။
ဒါဟာ ကျွန်တော်တို့ စမတ်ဖုန်း သုံးစွဲနေသူတွေ အားလုံး နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး Bloatware တွေကို အာရှထုတ် စမတ်ဖုန်းတွေမှာ အများဆုံး တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကို သည်းမခံနိုင်တော့တဲ့ တရုတ်နိုင်ငံက စားသုံးသူဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ဥပဒေကြောင်းအရ တရားစွဲဆိုပြီး ဖြေရှင်းသွားရန် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။
ရှန်ဟိုင်း စားသုံးသူ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်က (SCPC) စမတ်ဖုန်း ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ ကိုရီးယားအခြေစိုက် Samsung နဲ့ တရုတ်အခြေစိုက် Oppo တို့ကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။
တရားလိုရဲ့ စွပ်စွဲချက်များကတော့ Samsung နဲ့ Oppo ထုတ် စမတ်ဖုန်းများဟာ အသစ်စက်စက် ဖြစ်လင့် ကစား များပြားလှတဲ့ထပ်ဆောင်း App များ ထည့်သွင်းထား မှုကြောင့် ကြေငြာထားတဲ့ သိုမှီးမှုပမာဏထက် များစွာလျော့နည်းနေခြင်း၊ အဆိုပါ Bloatware App များကြောင့် သုံးစွဲသူ မသိရှိရပဲ Mobile Data သုံးစွဲမှုများ မြင့်တက်လာခြင်း စတာတို့ပဲ ဖြစ်ပါတယ်။
SCPC ရဲ့ အဆိုအရေ သုံးစွဲသူများရဲ့ Bloatware ဆိုင်ရာ ကွန်ပလိန်းတက်မှု အများပြားအား ယင်းတို့အနေနဲ့ အပတ်စဉ် လက်ခံရရှိနေရကြောင်း၊ ယင်းတို့ရဲ့ စစ်ဆေးမှုအရ အသစ်စက်စက် Samsung စမတ်ဖုန်းတစ်လုံးမှာ စုစုပေါင်း App ၄၄ ခု ပါဝင်နေပြီး Oppo စမတ်ဖုန်းတစ်ခု၌ App ၇၁ ခုအထိ ပါဝင်နေတာကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။
ထို့အပြင် ကုမ္ပဏီများအနေနဲ့ App နဲ့ သိုမှီးမှုပမာဏ ဆိုင်ရာများကို ဖုန်းဘူးခွံပေါ်၌ ရေး သားဖော်ပြထားချက်များနဲ့ ဖုန်းထဲ၌ အမှန်တကယ် ပါဝင်သည့် အချက်အလက်များမှာ ကိုက်ညီမှု မရှိကြောင်း၊ ထည့်သွင်းထားသည့် ထပ်ဆောင်း App များကို သုံးစွဲသူများ အနေနဲ့ မလိုအပ်ပါက ဖယ်ရှားလို့ပင် မရကြောင်း တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
စမတ်ဖုန်းများ၌ အဘိဓာန်နှင့် ဗေဒင်ကဲ့သို့ App များ၊ Game များ၊ Shopping ဆိုင်ရာ App များ ထည့်သွင်းပေးထားလေ့ ရှိပြီး ယင်း App များဟာ ထုတ်လုပ်သူနဲ့ App ဖန်တီးသူတို့ လက်ဝါးခြင်းရိုက် ထည့်သွင်းထားခြင်းကြောင့် ဖယ်ရှား၍ မရနိုင်သလို Mobile Data ကိုလည်း နောက်ကွယ်၌ အသုံးပြုနေသဖြင့် သုံးစွဲသူ မသိလိုက်ရပဲ ဖုန်းဘီလ်တက်ခြင်းများနဲ့ ရင်ဆိုင်နေရတာကို တွေ့နေရပါတယ်။
SCPC ရဲ့ တရားစွဲဆိုမှုအား တုန့်ပြန်ဖြေရှင်းရန် Samsung နှင့် Oppo အား အချိန် ၁၅ ရက် ပေးထားပြီး ယင်းနောက်တွင် တရားရုံး၌ ကြားနာစစ်ဆေး သွားမည်ဟု သိရှိရပါတယ်။ SCPC အနေနဲ့ အဓိက တောင်းဆိုထားသည်မှာ သုံးစွဲသူများအား မလိုအပ်သည့် App များကို အချိန်မရွေး Uninstall လုပ်ခွင့် ရရှိစေရေးနှင့် ဖုန်းဘူးခွံပေါ် ဖော်ပြထားသည့် အချက်အလက်များနဲ့ လက်တွေ့ ရရှိသည့် အချက်အလက်များ တူညီနေစေရေးတို့ ဖြစ်ပါတယ်။
Credit to ==> Myanmar Consumer Guide

Credit to pyaephyo.com
Thiha Htike(THT)
thihahtike.it@gmail.com
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ
အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....
(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)
Welcome From My Blog

Welcome From My Facebook Group
Welcome From My Facebook Page
Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P
ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

0 comments:
Post a Comment