Facebook တွင် Unfriend လုပ်သူကို ပြသပေးမည့် Apps များ ထွက်ပေါ်


Who Deleted Me on Facebook သည် သင်၏ Facebook သူငယ်ချင်းများကို ခြေရာခံနိုင်သော Android နှင့် iOS အတွက် Apps များ ဖြစ်ပါသည်။


Twitter အတွက် Who Unfollowed Me နှင့် ဆင်တူပြီး App က သင့်ကို Unfriend လုပ်သွားသော သူငယ်ချင်းများကို ပြသပေးနိုင်ပါသည်။ ထို့အပြင် သင်၏ သူငယ်ချင်းသည် သူ၏ အကောင့်ကို Deactivate ပြုလုပ်လျှင်လည်း သင့်ကို App က ပြောပြနိုင်ပါသည်။

App ကို အင်စတောလုပ်ပြီးလျှင် ယခင်က သင့်ကို Unfriend ပြုလုပ်သွားသော သူငယ်ချင်းများကို ပြသပေး မည် မဟုတ်ဘဲ လက်ရှိအချိန်မှ စ၍ နောက်ပိုင်းတွင် သင့်ကို Unfriend ပြုလုပ်သော သူငယ်ချင်းများကို စစ်ဆေးပေးမည် ဖြစ်သည်။

သင့်ကို Unfriend ပြုလုပ်သွားသူများသာမက သူငယ်ချင်းအသစ်များ၊ သင် Block ပြုလုပ်ထားသူများ ကို ပြသပေးနိုင်ပါသည်။ Android , iOS Apps များအပြင် Browser Extension ကိုလည်း ဖြန့်ချီပေး ထားပါသည်။

Credit to ==> Myanmar Digital Life Journal

0 comments:

Post a Comment