Lenovo ရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ZUK က Z2 Pro စမတ်ဖုန်း အသစ်တစ်လုံးကို
မိတ်ဆက်လိုက်ပါတယ်။ မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားပြီး 4GB RAM/ 64GB
Internal Storage နဲ့ 6GB RAM/ 128GB Storage တို့ ဖြစ်ပါတယ်။ 6GB RAM
Version ကို ယွမ် ၂၆၉၉ ဖြင့် တရုတ်မှာ ZUK ၀က်ဆိုက်ကနေ
ရောင်းချပေးလိုက်ပါတယ်။ ZUK က 4GB RAM Version ရဲ့ ဈေးနှုန်းကိုတော့
ကြေညာခြင်း မရှိသေးပေမယ့် မေလ ၁၀ ရက်နေ့မှာ ရောင်းချမယ်လို့ ပြောပါတယ်။


ZUK Z2 Pro မှာ ၅.၂ လက်မ Full HD Super AMOLED Display တပ်ဆင်ထားပါတယ်။
2.15GHz Quad-Core Snapdragon 820 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။
Android 6.0 Marshmallow ကို ZUI 2.0 Interface နဲ့ ပေါင်းစပ်ထားပါတယ်။


3100mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ အလွန်လျှင်မြန်စွာ
အားသွင်းနိုင်တဲ့ Qualcomm Quick Charge 3.0 ပါရှိပါတယ်။ Home Button မှာ
လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာ တပ်ဆင်ထားပြီး ၀.၁ စက္ကန့်အတွင်းမှာ ဖုန်းကို
Unlock လုပ်နိုင်ပါတယ်။ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး ဘေးဘောင်များမှာ သေးငယ်
လှပပါတယ်။


အနောက်ဘက်မှာ Phase Detection Autofocus နည်းပညာပါတဲ့ 13MP Camera
တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP Camera ပါရှိပါတယ်။ 4G LTE ကို
အသုံးပြုနိုင်ပါတယ်။ USB Type-C Port ပါရှိပါတယ်။