♪ တစ်ပတ်အတွင်းမိုလ်ဘိုင်းဈေးကွက်အပေါ်လေ့လာကြည့်ခြင်း ♫

Capture


ပြီးခဲ့တဲ့တစ်ပတ်က ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့မိုလ်ဘိုင်းဖုန်းများနဲ့  မိတ်ဆက် ပေးလို ပါတယ်။ ရောင်းအား အကောင်းဆုံးဖြစ်ခဲ့တဲ့ဖုန်းအမျိုးအစားတွေထဲ မှာမှ Samsung စမတ်ဖုန်းများဟာ ပိုမို အရောင်းသွက်ခဲ့ပြီး ဒုတိယ အရောင်းအသွက်ဆုံးကတော့ Xiaomi  စမတ်ဖုန်းများပဲဖြစ်ပါတယ်။ တတိယအရောင်းအသွက်ဆုံးကတော့ Huawei စမတ်ဖုန်းဖြစ်ပြီး ASUS စမတ်ဖုန်းတွေကတော့ စတုထ္ထအရောင်းအသွက်ဆုံးဖြစ်ခဲ့ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း Samsung စမတ်ဖုန်းများထဲတွင် Samsung Galaxy J Series များမှာ ပိုမို အရောင်း သွက်ခဲ့ပါတယ်။ အဆိုပါ J Series စမတ်ဖုန်းဈေးနှုန်းများမှာ 99,000 ကျပ်မှ 305,000  ကျပ်အထိ ရှိပြီး ကြိုက်နှစ်သက် ရာအမျိုးအစားကိုဝယ်ယူရရှိနိုင်ပါတယ်။အလားတူ Xiaomi ဖုန်းများထဲမှာမှ Xiaomi Redmi Note 3 Proကပိုမိုရောင်းကောင်း ခဲ့ပြီး ဈေးနှုန်းအနေနဲ့ 170,000 ကျပ်ဖြင့် ၀ယ်ယူနိုင်ပါတယ်။ Huawei စမတ်ဖုန်းများထဲတွင် Huawei GR5 ကရောင်းအားကောင်း ခဲ့ပြီး ဈေးနှုန်းအနေဖြင့် 249,000 ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ASUS စမတ်ဖုန်းများကတော့သူ၏ Model များအလိုက်    ရောင်းအားကောင်း ခဲ့ပါတယ်။
သတင်းအချက်အလက်များကို ဆိပ်ကမ်းသာလမ်း ရှိ IT & Mobile ဆိုင်များနှင့် လသာရှိ Mobile ဆိုင်များ၏ ပြောကြားချက်အရသိရသည်။ အချုပ်အားဖြင့်ဆိုသော် တန်ဖိုးအသင့်အတင့် စမတ်ဖုန်းများရောင်းအားကောင်းခဲ့ တယ်လို့ သုံးသပ်မိပါတယ်။
                                                                                                 ကောင်းမြတ်ရာ သုံးသပ်တင်ပြသည်

Credit to ==> Myanmar Digital Life Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment