♪ BoomSound စပီကာတွေပါဝင်တဲ့ HTC Desire 830 စမတ်ဖုန်း ထွက်ရှိ ♫


HTC ဟာ အင်္ဂါနေ့က ထိုင်ဝမ်မှာ Desire 830 စမတ်ဖုန်းအသစ်ကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ သုံးသိန်းခြောက်သောင်းလောက်ရှိပြီး၊ ယခုသောကြာနေ့၊ ထိုင်ဝမ်မှာ စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Desire 830 စမတ်ဖုန်းရဲ့ မျက်နှာပြင်အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာ HTC ရဲ့ နာမည်ကျော် BoomSound စပီကာတွေပါဝင်ပြီး၊ Dolby Audio အသံချိန်ညှိစနစ်နဲ့ဆိုတော့ အသံအရည်အသွေးကပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။
မျက်နှာပြင်က ၅.၅ လက်မရှိပြီး၊ resolution က 1920×1080 pixel ရှိပါတယ်။ ကျောကင်မရာက 13-megapixel ကင်မရာရှိပြီး၊ ရှေ့ကင်မရာကတော့ 4-UltraPixel ကင်မရာဖြစ်ပါတယ်။
ဖုန်းအတွင်းပိုင်းမှာတော့ octa-core MediaTek ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB တို့ပါရှိပါတယ်။ တကယ်လို့ ထပ်ချဲ့ချင်တယ်ဆိုရင်လည်း microSD ကတ် ထပ်စိုက်နိုင်ပါသေးတယ်။ ဘက်ထရီကတော့ 2800mAh ဘက်ထရီပါ။
Desire 830 ဖုန်းမှာ 1080p မျက်နှာပြင်၊ လှုပ်ရှားမှုကြောင့်ပုံရိပ်မှုန်ဝါးမှုကိုလျော့ချပေးတဲ့ OIS နည်းပညာပါ 13-megapixel ကင်မရာ၊ RAM 3GB တို့ ပါဝင်တာကြောင့် ဈေးက များတယ်လို့တော့မဆိုနိုင်ပါဘူး။
HTC ဟာ အင်္ဂါနေ့မှာ Desire 830 စမတ်ဖုန်းအပြင် ဈေးနည်းနည်းပိုသက်သာတဲ့ Desire 825 ဖုန်းကိုလည်း တပြိုင်တည်းဖြန့်ချိသွားခဲ့ပါတယ်။ Desire 825 ဖုန်းကတော့ ၂ သိန်း ၈ သောင်းလောက်ရှိပြီး၊ ၅.၅ လက်မအရွယ် 1280×720 မျက်နှာပြင်၊ Snapdragon 400 ပရိုဆက်ဆာနဲ့ RAM 2GB တို့ ပါဝင်ပါတယ်။

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment