♪ Captain America ဗားရှင်း Vivo Xplay 5 ဖုန်း ထွက်ရှိ ♫


Captain America ပရိတ်သတ်တွေအတွက် Vivo Xplay5 Team Cap ဗားရှင်း ထွက်ရှိလာပါပြီ။
မေလ ၉ ရက်နေ့က တရုတ်နိုင်ငံမှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး၊ ဖုန်းနောက်ကျောမှာ TEAM CAP တံဆိပ်နဲ့ စာလုံးပါဝင်တဲ့အပြင်၊ ဖုန်းဝယ်ယူသူအနေနဲ့ Captain America အထူးထုတ်ဗုန်းကာဗာ၊ Marvel တီရှပ်အကျီင်္တစ်ထည်နဲ့ Vivo အိတ်တစ်လုံး လက်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
s_3bd5f3e76cc0409a915f00b234c7d2bd
လက်ရှိရုံတင်ပြသနေတဲ့ Captain America: Civil War ရုပ်ရှင်ကားမှာလည်း Captain America နဲ့ Tony Stark ကိုယ်တိုင် Vivo စမတ်ဖုန်းတွေ ကိုင်ထားတာကို တွေ့မြင်ခဲ့ရတာကြောင့်၊ Vivo နဲ့ Marvel တို့ဟာ တရားဝင်ပူးပေါင်းမှုရယူထားတယ်လို့ ယူဆရပါတယ်။
ယခု Vivo Xplay 5 စမတ်ဖုန်း TEAM CAP ဗားရှင်းမှာ Captain America တံဆိပ်အပြင်၊ ဖုန်းထဲမှာလည်း ‘Captain America’ theme ထည့်သွင်းထားပါတယ်။
s_9738438706354102aaf238471162cd9c
တရုတ်ဖုန်းတွေအနေနဲ့ ရုပ်ရှင်ကားနဲ့ပတ်သတ်ပြီး၊ အထူးထုတ်ဖုန်းတွေ ထုတ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်တုန်းကလည်း Oppo ဟာ Transformer ကားအမှတ်တံဆိပ်ပါ ဖုန်းတွေကို ရောင်းချခဲ့ဖူးပါတယ်။
လက်ရှိမှာ Oppo ၊ Vivo နဲ့ OnePlus တို့ဟာ သူတို့ဖုန်းတွေကို နာမည်ကြီး တီဗီအစီအစဉ်တွေနဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်အောင် ရင်းနှီးမြှပ်နှံမှုတွေ ပုံအောပြီး အသည်းအသန်ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ်။

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment