♪ Huawei P9 တွင် ရေစိမ့်မဝင်နိုင်သော P2i နာနို နည်းပညာ ပါဝင်လာ ♫


Huawei ၏ P9 တွင် ဖုန်းအတွင်းသို့ ရေစိမ့်မဝင် နိုင်စေရန် တားဆီးပေးမည့် P2i နာနို နည်းပညာ ပါဝင်လာကြောင်း သိရသည်။

စမတ်ဖုန်းတွင် နာနိုနည်းပညာ အသုံးပြုထားခြင်းဖြင့် နေ့စဉ်အန္တရာယ်ရှိ အရည်များနှင့် ထိတွေ့ခြင်းကြောင့် ထုတ်ကုန်ပျက်စီးနိုင်သည့် အခြေအနေကို ကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။ ယခုနာနို နည်းပညာသည်လည်း မတော်တဆ ရေထဲသို့ကျခြင်းနှင့် ရေစင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်း Huawei က ထုတ်ပြန်ခဲ့သည်။

P9 တွင် မျက်နှာပြင် ၅.၂ လက်မအရွယ် full HD LCD display, 8MP selfie ကင်မရာနှင့် ကျောဘက်ကင်မရာမှာ Leica နှင့်ပူးပေါင်း၍ dual ကင်မရာစနစ်ကို အသုံးပြုထားသည်။ ထို့အပြင် octa-core Kirin 955 ပရိုဆက်ဆာ၊ RAM 3GB သို့မဟုတ်ပါက 4GB (storage 32GB သို့မဟုတ် 64GB အပေါ်မူတည်သည်) ပါဝင်သည်။  P9 တွင် USB Type-C မှတစ်ဆင့် “Rapid Charging” နှင့်အတူ 3000mAh ဘက်ထရီ ပါဝင်လာသည်။

Ref: 9to5Google

Credit to ==> Internet Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 




www.pyaephyo.com

0 comments:

Post a Comment