♪ ဝိတိုရိယဆေးရုံတွင် ပျောက်ဆုံးခဲ့သည့် စိန်ထည်များနှင့်ငွေသားပါအိတ်ကို i phone ဂျီပီအက်စ်စနစ်ကြောင့် အချိန်တိုအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ♫


မရမ်းကုန်းမြို့နယ်ရှိ ဝိတိုရိယဆေးရုံတွင် တက်ရောက်ကုသနေသူ၏မိသားစုဝင်တစ်ဦးထံမှ ကျပ်သိန်း ၁၅ဝ ကျော်ရှိစိန်ထည် နှင့် ငွေသားများပါဝင်သောအိတ်ကို ခိုးယူထွက်ပြေးခဲ့သည့်အမျိုးသမီးအား ရဲတပ်ဖွဲ့က ဂျီပီအက်စ်စနစ်ဖြင့်ရှာဖွေကာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဧပြီ ၃ဝ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ ဧပြီ ၃ဝ ရက် မွန်းလွဲ ၁ နာရီ ခန့်အချိန်က အမျိုးသမီးတစ်ဦးသည် ၎င်းနှင့် ညီအစ်မတော်စပ်သူ မ—– ကို ခေါ်ဆောင်ပြီး ဝိတိုရိယ ဆေးရုံသို့လာရောက်ကုသရာလူနာရှင်နှင့် ညီအစ်မတော်စပ်သူ မ—- သည် ၎င်း၏ ပိုက်ဆံအိတ်အား လူနာ၏ခုတင်ခြေရင်းတွင်ထားခဲ့ကာ လူနာ စာရင်းကောင်တာသို့သွား ရောက်ပြီးပြန်လာရာ ခုတင်ခြေရင်း ရှိပိုက်ဆံအိတ်ပျောက်ဆုံးနေသည် ကိုတွေ့ရှိရကြောင်း၊ အဆိုပါအိတ်တွင် စိန်လက်စွပ်၊ စိန်နားကပ်၊ ပုလဲလက်စွပ်၊ i phone 5s ၊ နိုင် ငံခြား ငွေလဲလှယ်သည့်စာအုပ်၊ ပတ်စ်ပို့စာ အုပ်နှင့် ငွေငါးသောင်းပါရှိကြောင်း၊ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးရန် မရမ်းကုန်းရဲစခန်းသို့တိုင်ကြားခဲ့သည်။
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၏ကြီးကြပ်မှုဖြင့် မရမ်းကုန်းရဲစခန်းမှ တာဝန်ရှိသူများပါဝင်သော ပူး ပေါင်းအဖွဲ့သည် ပိုက်ဆံအိတ်ပျောက်သည့်နေရာမှ ပြစ်မှုကျူးလွန်သူ၏ပုံကို ဆေးရုံ၏စီစီတီဗွီမှတ်တမ်းမှ ရရှိ ခဲ့ခြင်းနှင့်အတူ i phone 5s ၏ နည်းပညာဂျီပီအက်စ်စနစ်ဖြင့် ဖော် ထုတ်ရှာဖွေရာ အဆိုပါပြစ်မှုကျူး လွန်သူအမျိုးသမီးကို ဒဂုံဆိပ်ကမ်း မြို့နယ် ၆၉ ရပ်ကွက်တွင် ဧပြီ ၃ဝ ရက် ည ၁၂ နာရီခန့်ကဖော်ထုတ်ဖမ်း ဆီးနိုင်ခဲ့သည်။
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူတစ်ဦးက ” i phone 5s ရဲ့နည်းပညာဂျီပီအက်စ် စနစ်က ဒဂုံဆိပ်ကမ်းမြို့နယ်ကိုညွှန် ပြနေတယ်။ ဒါနဲ့ စီစီတီဗွီက မှတ်တမ်းကရရှိထားတဲ့ဓာတ်ပုံထဲက အ မျိုးသမီးနဲ့ ဂျီပီအက်စ်ကပြတဲ့ ဒဂုံဆိပ် ကမ်းမြို့နယ် (၆၉) ရပ်ကွက်အနီးက ပြည်သူတချို့ကို အဲဒီဓာတ်ပုံပြပြီး တိုက်ဆိုင်စစ်ဆေးရာမှာ (၆၉) ရပ် ကွက်ထဲက ပြစ်မှုကျူးလွန်တဲ့အမျိုး သမီးတစ်ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့နေ အိမ်ထဲကလည်း ဝိတိုရိယ ဆေးရုံမှာပျောက်ဆုံးသွားတဲ့ စိန် လက်စွပ်၊ စိန်နားကပ်၊ ပုလဲလက်စွပ် တွေနဲ့ အခြားတော်တော်များများ ပြန်ရရှိခဲ့ပါတယ်။ အခု အဲဒီအမျိုး သမီးကို စစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်နေ ပါတယ်။ နောက်ထပ် ခိုးမှုတွေနဲ့ ပတ်သက်ဆက်နွှယ်မှုရှိ၊ မရှိလည်း ဆက်လက်စစ်ဆေးနေပါ တယ်။ အခင်းဖြစ်တဲ့အချိန်ကနေ ၂၄ နာရီအတွင်းဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟုပြောသည်။ မရမ်းကုန်းမြို့နယ် ရဲစခန်းမှ (ပ)၄၁၇/၂ဝ၁၆ ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။

Yangonmedia Website မှ ကူးယူရေးသားဖော်ပြသည်။
Aung Ko Htet (MMA)
#aungkohtet_mma



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment