♪ iOS အတွက် အခမဲ့ VPN app တစ်ခုကို Opera ထုတ်ပေး ♫


မကြာသေးခင်ကမှ Opera browser မှာ အခမဲ့ VPN အသုံးပြုလို့ရတဲ့ feature ကို ထည့်ပေးပြီးနောက်၊ Opera ဟာ ယခုအခါ iOS မှာလည်း အလားတူ app တစ်မျိုးကို ထပ်ထုတ်ပေးလိုက်ပါတယ်။
Opera VPN လို့ အမည်ပေးထားတဲ့ ဒီ iOS app ကို အသုံးပြုသူတွေအနေနဲ့ နိုင်ငံလိုက် ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် ပိတ်ဆို့ခံထားရတဲ့ ၀က်ဘ်ဆိုဒ်တွေ၊ ၀န်ဆောင်မှုတွေကို ကြည့်ရှု၊ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
တခြား VPN app တွေလိုပဲ၊ Opera VPN app ဟာ တခြားဧရိယာတစ်ခုက IP လိပ်စာတစ်ခုကို ငှားယူပြီး၊ သင့်ရဲ့ တည်နေရာအမှန်ကို ဖုံးကွယ်ပေးထားမှာဖြစ်ပါတယ်။ Opera VPN ကနေ သင့်တည်နေရာအတု အဖြစ် သုံးဖို့အတွက် US ၊ Canada ၊ Germany ၊ Singapore နဲ့ Netherlands နိုင်ငံငါးနိုင်ငံကို ရွေးချယ်သုံးစွဲနိုင်မှာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ location ထပ်မံတိုးချဲ့သွားဖို့ရှိတယ်လို့ သိရပါတယ်။
ဒီ့အပြင် Opera VPN app မှာ ကြော်ငြာပိတ်ပေးတဲ့ ad-blocker မှာ တပါတည်း built-in ပါဝင်လာတာကြောင့်၊ အွန်လိုင်းပေါ်ကကြော်ငြာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတော့မှာ မဟုတ်ပါဘူး။
Opera ရဲ့ Opera VPN app ကို အခမဲ့ရယူနိုင်မှာဖြစ်တဲ့အပြင်၊ in-app purchases ( app ထဲကနေ ၀ယ်ယူရမယ့်အရာတွေ)၊ လစဉ်ကြေးသွင်းအစီအစဉ်တွေ ပါဝင်မှာမဟုတ်တဲ့အပြင်၊ ကြော်ငြာတွေတောင် (လက်ရှိမှာ) ပြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ လက်ရှိမှာတော့ ဒီ app ကနေ ကြော်ငြာပြမှာမဟုတ်ပေမယ့်၊ နောက်ပိုင်းမှာတော့၊ ကြော်ငြာလေးတွေ ပါဝင်လာဖို့ ရှိပါတယ်။ အခမဲ့ဆိုပေမယ့် ကြော်ငြာတွေပါတဲ့ဂိမ်းတွေ ဆော့ရသလိုပေါ့။ ကြော်ငြာရှင်တွေက ဆီကနေ ကျနော်တို့ ပိုက်ဆံပြန်ရမှာပါ” လို့ Opera VPN ဌာနအကြီးအကဲဖြစ်သူ၊ Chris Houston က ဘလော့ဂ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။
“ ကျနော်တို့ ပိုက်ဆံရယူတဲ့နည်းလမ်းကတော့၊ လူတွေအနေနဲ့ သူတို့ မိုဘိုင်းဖုန်းတွေကို ဘယ်လိုအသုံးချလဲဆိုတဲ့အပေါ် ပုဂ္ဂိုလ်ရေးအချက်အလက်မပါတဲ့ ဒေတာအလွတ်သက်သက်ကို ကောက်ယူပြီး၊ မိုဘိုင်းဆက်သွယ်မှုစနစ်ဖွံ့ဖြိုးမှုပုံစံကို လေ့လာဖို့စိတ်ဝင်စားတဲ့ တခြား third party ပြင်ပအဖွဲ့အစည်း၊ ကုမ္ပဏီတွေကို ပြန်လည်ပေးအပ်တာဖြစ်ပါတယ်” လို့ သေသေချာချာရှင်းပြထားတာကို တွေ့ရပါတယ်။
https _blueprint-api-production.s3.amazonaws.com_uploads_card_image_84787_opera-vpn-ios-phones

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment