iPhone မှာ ဖုန်းအဝင်ကောလ် ဝင်တဲ့အခါ ပုံစံတွေ တစ်ခုနဲ့ တစ်ခု ဘာလို့ မတူညီတာလဲ



iPhone အသုံးပြုတဲ့လူတော်တော်များများ ကြုံတွေ့နေရပေမဲ့ ဒါကို အရေးကြီးခွင်ကျယ်နဲ့ သတိထားကြမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ iPhone မှာပါဝင်လာတဲ့ Feature အသစ်တစ်ခုအနေနဲ့ လူတွေက လက်ခံထားကြလို့ဖြစ်ပါတယ်။ တကယ်တော့ iPhone မှာ ဖုန်း အဝင်ကောလ် ဝင်လာတာနဲ့ ပုံစံတွေ တစ်ခုနဲ့ တစ်ခု မတူညီရခြင်းဟာ အောက်ပါ အချက်အလက်တွေကြောင့်ဖြစ်ပါတယ်။
Screen Unlock ဖြစ်နေလျှင်
သင့်ရဲ့ iPhone ဟာ Screen မျက်နှာပြင် Unlock ဖြစ်နေတုန်းအချိန်မှာ ဖုန်းအဝင်ကောလ် လက်ခံရရှိခဲ့ရင် အောက်ပါ ပုံအတိုင်း Answer Button နဲ့ Decline Button တို့နဲ့ ပြသမှဖြစ်ပါတယ်။

decline
Screen Locked ဖြစ်နေခဲ့လျှင်
သင့်ရဲ့ iPhone ဟာ Screen မျက်နှာပြင် Locked ဖြစ်နေတုန်းအချိန်မှာ ဖုန်းအဝင်ကောလ် လက်ခံရရှိခဲ့ရင် အောက်ပါ ပုံအတိုင်း Slide To Answer ဆိုပြီး ဖုန်းဖြေဆိုဖို့ အတွက်ကိုသာ ဖော်ပြနေမှာဖြစ်ပါတယ်။
Slide to answer
ဒါတွေဟာ လက်ရှိ iPhone အသစ်တွေမှာပါဝင်လာတဲ့ အမှတ်တမဲ့ သတိ မပြုမိတဲ့ အချက်နှစ်ချက်ပဲဖြစ်ပါတယ်။
Ref: MobileLikez
Aung Ko Htet (MMA)
#aungkohtet_mma

0 comments:

Post a Comment