♪ “KENBO Hero One” ♫


မိမိတို့ရဲ့ မိုဘိုင်းဖုန်းများကို စိတ်ချလုံခြုံစေဖို့အပြင် ကိုယ်ပိုင်အမှတ်အသား တစ်ခုဖြစ်တဲ့ Fingerprint (လက်ဗွေစနစ်) နဲ့ အဖွင့်အပိတ်လုပ်ချင်သူများပါ အဆင်ပြေစေရန် KENBO Smart Phone မှ Hero One အမည်ရှိတဲ့ ဖုန်းသစ် တစ်လုံးကို ထပ်မံ ထုတ်လုပ်လိုက်ပါပြီ။

ထိတွေ့မှုက သက်သောင့်သက်သာ ရှိစေမယ့်အပြင် မတူညီတဲ့လက်ငါးချောင်းကို အမှတ်အသား အဖြစ် ပြုလုပ် ကာ သိမ်းဆည်းနိုင်မှာဖြစ်လို့ ဆောင်းရာသီကာလများမှာ လက်အရေခွံကွာ လို့ ဖုန်းအဖွင့်အပိတ်လုပ်လို့မရတဲ့ ပြဿနာကိုလည်း ပြေလည်သွားစေမှာပါ။ ဖုန်းတစ်လုံးရဲ့ အဓိကကျတဲ့ Processor ကို ပိုမိုလုပ်ဆောင်မှုစွမ်းရည် ကောင်းမွန်စေရန် အတွက် 64-bit Quad Core 1.0GHz ထည့်သွင်း ပေးထားတဲ့အပြင် RAM ပမာဏ 2GB အထိ ပါဝင်လို့ အင်တာနက်၊ ဂိမ်း အသုံးပြုတဲ့အခါမှာ ချောမွေ့မြန်ဆန်သွက်လက်တဲ့ ထိတွေ့မှုကို ခံစားရ မှာပါ။ GPU အဖြစ် T720 ထည့်သွင်းပေးထားလို့ အရောင် ခွဲခြားနိုင်စွမ်း ကလည်း ပိုမိုကောင်းမွန်စေပါတယ်။

Music ၊ Video ၊ Data များနဲ့အတူ မြောက်များစွာသော မိုဘိုင်း Application များကို မိမိတို့ဖုန်းအတွင်း ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် Storage ပမာဏ ကို 16GB တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Micro SD Card နဲ့လည်း 32GB အထိ ထပ်တိုးအသုံးပြုနိုင်မှာပါ။ မျက်နှာပြင်အရွယ်အစားမှာ 5 inch ရှိပြီး ရုပ်လုံးရုပ်ကြွတွေ သိသာထင်ရှားစေရန်အတွက် အနည်းငယ် ကွေးညွှတ်တဲ့ သဏ္ဌာန်ရှိတဲ့ 2.5 D Screenကို ဖုံးအုပ်တပ်ဆင်ပေးထား ပါတယ်။ မျက်နှာပြင်ကို IPS နည်းပညာအသုံးပြုထားလို့ အရည်အသွေးမြင့် HD Movies များကို ကြည့်ရှုတဲ့အခါမှာ 1280*720 ရုပ်ထွက်အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။ မိမိရောက်ရှိရာနေရာများရှိ အလှပဆုံးပုံရိပ်များကို သဘာဝဆန်ဆန်နဲ့ အရောင်တောက်ပစွာ မှတ်တမ်းတင်နိုင်ဖို့ အရှေ့ဘက် 5 Megapixel နဲ့ အနောက်ဘက် 8 Megapixel ကင်မရာများကို မြင့်မားတဲ့ နည်းပညာများနဲ့ ဖန်တီးပေးထားပါတယ်။

<Specification>
Network - GSM/ WCDMA
Screen - 5 inches
Memory - 16 GB
Bluetooth - Yes
CPU - Quad Core 1 GHz
OS - Android OS, v5.1
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment