♪ စမတ်ဖုန်းမျက်နှာပြင်အောက်တွင် ထည့်သွင်းနိုင်မည့် LG ၏ လက်ဗွေဖတ်စနစ်သစ် ♫


LG စမတ်ဖုန်များတွက် အစိတ်အပိုင်းများ ထုတ်လုပ်ပေးနေသည့် LG Innotek သည် ဖုန်း၏ မျက်နှာပြင်အောက်တွင် ထည့်သွင်းနိုင်သည့် လက်ဗွေဖတ် စနစ်များကို ဖန်တီးလျက်ရှိကြောင်း သိရသည်။ စမတ်ဖုန်းကာဗာမှန်အောက်ဘက်ရှိ ၀.၀၁ လက်မသာရှိသော နေရာလွတ်တွင် ထည့်သွင်းနိုင်မည့် လက်ဗွေဖတ်စနစ်သစ်ကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိကြောင်း LG Innotek မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ လက်ဗွေစနစ်သစ်ကြောင့် ထုတ်ကုန်ဒီဇိုင်းထုတ်သူများအနေဖြင့် ခလုတ်များ၊ အခြားအစိတ်အပိုင်း သို့မဟုတ် pad များ မလိုအပ်ဘဲ လက်ဗွေစနစ်များကိုပေါင်းစပ်နိုင်မည် ဖြစ်သည်။

ဖုန်း၏မျက်နှာပြင်မှန်အောက်တွင် ထည့်သွင်းနိုင်မည့် လက်ဗွေစနစ်သည် ခလုတ်ပုံစံ sensor များနှင့်ဆင်တူပြီး စမတ်ဖုန်းလုပ်ဆောင်ချက်ချို့ယွင်းမှုများကို လျှော့ချပေးနိုင်သည်။ ထို့အပြင် စမတ်ဖုန်းအား ရေစိုခံနိုင်ခြင်း သို့မဟုတ် ပွန်းပဲ့မှုဒဏ်ခံနိုင်မှုရှိစေရန်လည်း လုပ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း LG က ပြောကြားခဲ့သည်။

LG ၏ အသစ်ထွက်ရှိမည့် ဖုန်းတွင် ၎င်းနည်းပညာ အသုံးပြုခြင်း ရှိ၊ မရှိကို မသိရသော်လည်း အဆိုပါ sensor သစ်များအား စီးပွားဖြစ် တင်ပို့ရောင်းချနိုင်ရန် စမတ်ဖုန်းထုတ်လုပ်အချို့နှင့် ဆွေးနွေးလျက်ရှိကြောင်း ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Ref: TheVerge

Credit to ==>  Internet Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

1 comments:

Post a Comment