♪ “Meizu m2 note” ♫


Meizu တံဆိပ်ဖုန်းများကိုလည်း ပြည်တွင်းမှာဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်း တန်ဖိုးအားဖြင့်လည်း အစားစားရှိပါတယ်။ လှပသောအရောင်ကွဲများစွာ လည်း ထုတ်လုပ်ရောင်းချပေးထားပါသေးတယ်။ m2 တွင် m2 note နှင့် ရိုးရိုး m2 ဆိုပြီး နှစ်မျိုးရှိပါတယ်။ m2 ကတော့ 5” မျက်နှာပြင် အကျယ် အ၀န်းရှိကာ Pixels ပမာဏအနေဖြင့် 720 x 1280 ပါရှိပါတယ်။

 m2 note ကတော့ 5.5" မျက်နှာပြင်အကျယ်အ၀န်းရှိပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏမှာ 1080 x 1920 ဖြစ်ပါတယ်။ 1” မှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 403ppi ပါ။ ဖုန်းနှစ်မျိုးစလုံး သည် ဆင်းကတ်နှစ်ကတ်အသုံးပြုနိုင်ပါတယ်။ ထည့်သွင်း အသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင်အတွက် m2 note တွင် IGZO capacitive touch screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 150.9× 75.2×8.7 mm ဖြစ်ကာ အလေးချိန်သည် 149g ရှိပါတယ်။ Multitouch စနစ်တွင် Flyme 4.5 ကို သုံးစွဲနိုင်ပါမယ်။ ဖုန်းမျက်နှာပြင် ကာကွယ်မှုအပိုင်းနှင့် ပတ်သက်၍တော့ အတိအကျကြေညာထားခြင်းမျိုးမရှိပါဘူး။

ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားကာ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး f/2.2 ဖြစ်ကာ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ပါရှိပြီး f/2.0 ဖြစ် ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်း ပေးထားပြီး Internal storage တွင် 16 နှင့် 32GB ဆိုပြီး နှစ်မျိုးနှစ်စားရှိပါ မယ်။ အချက်အလက်အများအပြားသိမ်းဆည်ချင်သူများအတွက်လည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထား ပါတယ်။ 128GB အထိ ချဲ့ထွင်သုံးစွဲလို့ရပါမယ်။ Android Version Lollipop ကိုသုံးစွဲနိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့် Battery အမျိုးအစားကတော့ 3100mAh ဖြစ်ပါတယ်။ Active noise cancellation with dedicated mic စနစ်အသုံးပြုနိုင်ပါမယ်။

<Specification>
Network - GSM/ HSPA/ LTE
Screen - 5.5 inches
Memory - up to 128 GB
Bluetooth - v4.0
CPU - Octa-Core 1.3 GHz
OS - Android OS, v5.0
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment