♪ Pinball ပုံစံ ကစားရမယ့် Angry Birds ဂိမ်းအသစ် Android နဲ့ iOS မှာ ထွက်ရှိ ♫


Angry Birds ရုပ်ရှင်ကားထွက်ခါနီးမှာပဲ၊ Rovio စတူဒီယိုဟာ နောက်ထပ် Angry Birds ဂိမ်းအသစ်ကို ထုတ်ပေးလိုက်ပါတယ်။

Angry Birds Action! လို့ အမည်ပေးထားတဲ့ဂိမ်းအသစ်ဟာ အရင်တုန်းက pinball ဂိမ်းလိုမျိုး ကစားရမှာ ဖြစ်ပြီး၊ ရုပ်ရှင်ကားရဲ့အဓိက ဇာတ်ကောင်လေးကောင် ဖြစ်တဲ့ Red ၊ Chuck ၊ Bomb နဲ့ Terence ငှက်တွေ ပါဝင်ပါတယ်။ ဂိမ်းရုပ်ထွက်ကလည်း 2D မဟုတ်တော့ဘဲ၊ 3D ဖြစ်သွားတာကြောင့် ဆော့ရတာ ပိုမိုအသက်ဝင်လာပါတယ်။

အရင်လို လောက်လေးဂွထဲ ထည့်ပစ်ကစားရမှာမဟုတ်ဘဲ၊ လက်ချောင်းကိုအသုံးပြုပြီး၊ ကိုယ်ပစ်ချင်တဲ့လမ်းကြောင်းအတိုင်း ငှက်ကိုပစ်ပြီး ကစားရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့အဓိကတာဝန်ကတော့ ရန်သူဝက်တွေကို လမ်းကြောင်းမှာထိအောင်တိုက်ပြီး ဥတွေကို လိုက်ကယ်ဆယ်ရမှာပါ။ အရင်ဂိမ်းတွေလိုပဲ အကြိမ်ရေနည်းနိုင်သမျှနည်းနည်းသုံးပြီး၊ level တွေ အောင်အောင် ကစားပေးရမှာပါ။

ဒီဂိမ်းရဲ့ ထူးခြားချက်ကတော့ ဂိမ်းထဲမှာ Bird Codes လို့ ခေါ်တဲ့ QR ကုဒ်ဖန်ရှင်ပါဝင်လာတာဖြစ်ပါတယ်။ Angry Bird ရုပ်ရှင်ကားနဲ့ သက်ဆိုင်တဲ့ပိုစတာတွေ၊ Rovio စတူဒီယိုနဲ့ပူးပေါင်းထားတဲ့ McDonalds ဆိုင်တွေ ၊ Lego အရုပ်တွေမှာ ဒီ QR ကုဒ်တွေရှိနေမှာဖြစ်ပြီး၊ ကိုယ့်ဖုန်းကင်မရာကနေ ဒီကုဒ်တွေကို ဖတ်လိုက်တာနဲ့၊ Augmented Reality ဒီဂျစ်တယ်မီနီဂိမ်းလေးတွေ၊ Angry Birds အရုပ်တွေ ဖုန်းစခရင်ပေါ်မှာ ပေါ်လာမှာဖြစ်ပါတယ်။

Angry Birds Action! ဂိမ်းကို Android ကော iOS မှာပါ နိုင်ငံမရွေး၊ အခမဲ့ဒေါင်းလုဒ်ရယူကစားနိုင်ပြီဖြစ်ပြီး၊ ရုပ်ရှင်ကားကတော့ မေလ ၁၃ ရက်နေ့မှာ ထွက်ရှိမှာပါ။

Angry Birds Action! for Android – Download Here
Angry Birds Action! for iOS – Download Here

Ref: Mirror
Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment