♪ ဘက်ထရီအား ၅၀ ရာခိုင်နှုန်းအထိ ပိုသုံးနိုင်မယ့် power-saving mode ပါဝင်လာတဲ့ Opera browser ♫


Opera ကတော့ ဘရောက်ဆာအသုံးပြုသူတွေအတွက် အမိုက်စား feature တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေးပြီး၊ user အသစ်တွေကို ဆွဲဆောင်နေပါတယ်။
မကြာသေးခင်က Adblocker နဲ့ အခမဲ့ VPN app တစ်ခုကို ထုတ်ပေးခဲ့တဲ့ Opera ဟာ ယခုအခါမှာလည်း၊ လက်ပ်တော့တွေရဲ့ ဘက်ထရီသက်တမ်းကို ၅၀ ရာခိုင်နှုန်းအထိ ပိုတိုးပေးနိုင်တဲ့ power-saving mode ကို ဘရောက်ဆာမှာ ထပ်မံထည့်သွင်းပေးလိုက်ပါတယ်။
ယခု စွမ်းဆောင်ရည်အသစ်ကို Mac ကော Windows PC တွေမှာပါ ရရှိသွားမှာဖြစ်ပြီး၊ မိုဘိုင်းဘရောက်ဆာမှာ တော့ ရရှိဦးမှာမဟုတ်သေးပါဘူး။
Opera ရဲ့ ပြောကြားချက်အရ၊ ဒီ power-saving mode ကို Windows 10 64-bit တင်ထားတဲ့ RAM 16GB ပါ Core-i7 Dell XPS 13 မှာ စမ်းသပ်ကြည့်ခဲ့ရာမှာ၊ ဘက်ထရီသက်တမ်းတစ်နာရီကျော် ပိုခံခဲ့တယ်လို့ သိရပါတယ်။
“ အပြင်သွားနေတုန်းဖြစ်ဖြစ်၊ အရေးတကြီးကိစ္စတစ်ခုခုလုပ်နေတုန်းဖြစ်ဖြစ် လက်ပ်တော့က ဘက်ထရီကုန်သွားရင် တော်တော်စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုကျနော်တို့ရဲ့ power-saving mode က သင့်လက်ပ်တော့ဘက်ထရီနည်းနေပြီဆိုရင်၊ အလိုလိုပေါ်လာမှာဖြစ်ပြီး၊ mode ဖွင့်ပေးလိုက်တာနဲ့၊ လက်ကျန်ဘက်ထရီသက်တမ်းကို နောက်ထပ် ၅၀ ရာခိုင်နှုန်းနီးပါးလောက် ပိုအသုံးခံအောင် လုပ်ပေးနိုင်ပါတယ်” လို့ Opera ရဲ့ အင်ဂျင်နီယာဌာနဒုတိယအကြီးအကဲ Krystian Kolondra က ရှင်းပြပါတယ်။
လက်ပ်တော့အားသွင်းကြိုးကိုဖြုတ်လိုက်တာနဲ့လည်း၊ Opera ဘရောက်ဆာကနေ power-saving mode ပြောင်းသုံးဖို့ စာပေါ်လာမှာဖြစ်ပြီး၊ နှိပ်လိုက်တာနဲ့ low-power mode ကို ပြောင်းသွားမှာဖြစ်တယ်လို့ Opera က ဆိုပါတယ်။
ယခု feature အသစ်ဟာ Opera 39 developer edition ဘရောက်ဆာမှာ အရင်ပါဝင်လာမှာဖြစ်ပြီး၊ stable ဗားရှင်းမှာတော့ ဘယ်တော့ပါမလဲမသိရသေးပါဘူး။

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment