♪ ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် RAM 6GB ပါ OnePlus 3 စမတ်ဖုန်း ♫


မကြာခင်ထွက်ရှိတော့မယ့် OnePlus 3 စမတ်ဖုန်းဟာ ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်လာလိမ့်မယ်လို့ သိရပါတယ်။

OnePlus 3 စမတ်ဖုန်းဟာ Qualcomm ရဲ့ Quick Charge နည်းပညာအစား Oppo ရဲ့ ဗို့အားနည်း VOOC အားအမြန်ပြည့်စနစ်ကို အသုံးပြုထားပြီး၊ အားသွင်းအလွန်မြန်ဆန်တယ်လို့ ဆိုပါတယ်။ OnePlus ဟာ ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီဖြစ်လာတဲ့ Oppo ရဲ့ လက်အောက်ခံကုမ္ပဏီ တစ်ခုဖြစ်တာကြောင့် အခုလို Oppo နည်းပညာကို ထည့်သုံးထားတာဖြစ်နိုင်ပါတယ်။

ဒါဟာ နည်းပညာသမိုင်းမှာ ကုမ္ပဏီနှစ်ခုကြား၊ နည်းပညာတစ်ခုကို အလွတ်သဘော၊မျှဝေသုံးစွဲခြင်း အဖြစ်လည်း သတ်မှတ်ခံရဖွယ်ရှိနေပါတယ်။

တရုတ်မှတ်ပုံတင်ရုံးကနေ ထုတ်ပြန်ထားတဲ့စာရင်းအရ၊ OnePlus 3 ဖုန်းဟာ 3500mAh ဘက်ထရီ၊ Qualcomm Snapdragon 820 ပရိုဆက်ဆာ၊ ကျောကင်မရာ 16MP နဲ့ ရှေ့ကင်မရာ 8MP တို့ ပါဝင်မှာ ဖြစ်သလို၊ NFC ချစ်နည်းပညာပါ ပါဝင်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။

RAM 4GB နဲ့ ဖုန်းတွင်း storage 32 GB မော်ဒယ် အပြင်၊ RAM 6GB နဲ့ storage 64GB မော်ဒယ် နှစ်မျိုး ထွက်ရှိလာဖွယ်ရှိပြီး၊ မေလ ၁၈ ရက်နေ့မှာ စတင်မိတ်ဆက်မှာဖြစ်ပါတယ်။

Credit to ==> Digital Times



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment