♪ အမေများနေ့အတွက် Reaction ပုံအသစ်တစ်ခုကို Facebook စမ်းသပ် ♫


လာမယ့် မေလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့မှာ ကျရောက်မယ့် အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် Facebook ဟာ reaction ပုံအသစ်တစ်ခုကို ယာယီထုတ်ပေးသွားမှာဖြစ်ပါတယ်။
Twitter အသုံးပြုသူတစ်ဦးက ခရမ်းရောင်ပန်းပုံလေးတစ်ခုကို Facebook source code မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ Facebook ဘက်ကလည်း သူတို့အနေနဲ့ အမေများနေ့အတွက် reaction ပုံအသစ်တစ်ခုကို စမ်းသပ်နေကြောင်းကို ၀န်ခံထားပါတယ်။
ဒါပေမယ့် ခရမ်းရောင်ပန်းပုံစံ reaction ပုံလေးကို နိုင်ငံအကန့်အသတ်နဲ့ ထည့်ပေးသွားမှာဖြစ်ပြီး၊ ဘယ်နိုင်ငံတွေမှာ ရရှိမလဲဆိုတာကိုတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိပါဘူး။
Facebook အနေနဲ့ ပန်းပုံစံ reaction ကို အမြဲထည့်ပေးသွားမှာမဟုတ်ဘဲ၊ အမေများနေ့ပြီး နောက်တစ်ရက်၊ တနလာင်္နေ့ရောက်တဲ့အခါ ပြန်ဖြုတ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်၊ ဒီ reaction အသစ်ပေးထားတဲ့ ပို့စ်တွေမှာတော့ ပန်းပုံစံ reaction လေးက ဆက်လက်ပေါ်နေမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီလက Like ခလုတ်အစား၊ Reaction တွေကို စတင်ထည့်သွင်းပေးပြီးနောက်၊ အခုလို ယာယီ reaction ပုံတစ်ခုထည့်ပေးခြင်းက Facebook အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment