♪ Samsung က အသစ်ထုတ်မယ့် Galaxy စီးရီးအသစ် Galaxy C5 ပုံရိပ်များ ပေါက်ကြား ♫


ဈေးကွက်တစ်ခုချင်းစီအလိုက်၊ စမတ်ဖုန်းမော်ဒယ်အသစ်တွေ အများအပြားထုတ်လေ့ရှိတဲ့ Samsung ဟာ အခုဆိုရင် C စီးရီးအသစ်ကို ထပ်မံထုတ်လုပ်တော့မှာဖြစ်ပါတယ်။
အခုဆိုရင် အွန်လိုင်းမှာပေါက်ကြားလာတဲ့ဓာတ်ပုံတွေအရ Galaxy C5 ဟာ သတ္တုကိုယ်ထည်နဲ့ဖြစ်ပြီး၊ ဈေးနှုန်း အလယ်အလတ်လောက်မှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဖုန်းရှေ့ပိုင်းကတော့ Galaxy S6 ၊ Galaxy S7 ဖုန်းတွေနဲ့ တော်တော်တူညီပြီး၊ နောက်ပိုင်းမှာတော့ အနည်းငယ် ဒီဇိုင်းကွာသွားတာကို တွေ့ရပါတယ်။ C5 ဖုန်းရဲ့ နောက်ကင်မရာက အပြင်ကို တော်တော်ဖောင်းထွက်နေပြီး၊ LED ဖလက်ရှ်မီးနှစ်လုံးက ညာဘက်မှာ ရောက်ရှိနေပါတယ်။

Galaxy-C-7
Samsung Galaxy C5 ဖုန်းဟာ တရုတ်ဈေးကွက်ကို အဓိကထားရောင်းချသွားမှာဖြစ်ပြီး၊ အတည်မပြုရသေးတဲ့ သတင်းတွေအရ၊ RAM 4GB ၊ မျက်နှာပြင်အကျယ် ၅.၂ လက်မ FHD display တို့ ပါဝင်ပြီး၊ Qualcomm Snapdragon 617 octa-core SoC ကို အသုံးပြုထားတယ်လို့ သိရပါတယ်။
Android 6.0.1 Marshmallow စနစ်နဲ့ လာမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ Samsung Galaxy A စီးရီးနဲ့ J စီးရီးကြားလောက်မှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ A စီးရီးနဲ့ J စီးရီးအတိုင်း စခရင်အရွယ်အစားမတူတဲ့ နောက်ထပ်မော်ဒယ် C3 နဲ့ C7 တို့ကိုလည်း ထုတ်လုပ်သွားဖွယ်ရှိပါတယ်။
Galaxy-C-6

Credit to ==> Digital Times



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment