♪ လက်ပ်တော့တစ်လုံးလောက် စွမ်းဆောင်ရည်မြင့်မားလာမယ့် Samsung Galaxy Note 6 ♫


ဖုန်းတစ်လုံးက လက်ပ်တော့တစ်လုံးလောက် စွမ်းဆောင်ရည်ကောင်းလာဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ထင်မိပါလိမ့်မယ်။
ဒါပေမယ့်နောက်ပိုင်းထွက်ရှိလာမယ့် ဖုန်းတွေကတော့ လက်ပ်တော့ရဲ့စွမ်းဆောင်ရည်ကို လိုက်မီလာဖို့ ရှိနေပါတယ်။ဒီလိုမျိုး လက်ပ်တော့ရဲ့ စွမ်းဆောင်ရည်ကို လိုက်မီလာနိုင်တဲ့ဖုန်းကတော့  Samsung Galaxy Note 6 ပဲဖြစ်ပါတယ်။
Samsung ဟာ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Galaxy S7 နဲ့ S7 Edge တို့ထက် စွမ်းဆောင်ရည်တွေ မြင့်မားလာနိုင်မယ့် Samsung Galaxy Note 6 ကို လာမယ့် သြဂုတ်လအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။
ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Galaxy Note 5 ဟာ လူကြိုက်များအောင်မြင်မှုတွေကို ရရှိခဲ့တာကြောင့် ထွက်ရှိလာမယ့် Galaxy Note 6 မှာလည်း လူကြိုက်များနိုင်တဲ့ specification အမြင့်စားတွေပါဝင်လာမှာပါ။
Samsung Galaxy Note 6 ရဲ့ display ပိုင်းဟာဆိုရင်တော့ မျက်နှာပြင်အကျယ် ၅.၈ လက်မ ကျယ်ဝန်းမှာဖြစ်တာကြောင့် Note 5 ရဲ့ ၅.၇ လက်မ မျက်နှာပြင်ထက် အနည်းငယ်ပိုကျယ်လာနိုင်ပါတယ်။ မျက်နှာပြင်ကြည်လင်ပြတ်သားမှုကလည်း 2K အထိရှိလာမှာပါ။
ပရော်ဆက်ဆာအနေနဲ့ Qualcomm Snapdragon 820 ပရော်ဆက်ဆာကို အဆင့်မြှင့်တင်ထားတဲ့  Snapdragon 823 ပရော်ဆက်ဆာကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB အထိပါဝင်လာမှာပါ။ ဘက်ထရီအနေနဲ့တော့ 4200 mAh ပမာဏအထိရှိလာမှာဖြစ်ပြီး build-in သိုလှောင်နိုင်မှုအနေနဲ့တော့ 256 GB အထိကို ပါဝင်လာဖွယ်ရှိနေပါတယ်။
ကင်မရာပိုင်းကတော့ S7 မှာ အသုံးပြုထားတဲ့ Auto-Focus နည်းပညာကို ပိုကောင်းအောင် ပြုလုပ်သွားမယ်လို့ သိရပြီး ဖုန်နဲ့ ရေဒဏ်ကို ခံနိုင်ရည်ရှိတဲ့ IP68 နည်းပညာကို ထည့်သွင်းအသုံးပြုလာမှာပါ။
Samsung Galaxy Note 6 မှာဆိုရင်တော့ data တွေကိုအမြန်ဆုံးလွှဲပြောင်းပေးနိုင်တဲ့ USB Type C ကိုအသုံးပြုလာနိုင်တယ်လို့ ဆိုပြီး USB 3.1 ကိုလည်း အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။ ဒီလိုနည်းပညာတွေဟာ သင်လက်ရှိအချိန်မှာ အသုံးပြုနေတဲ့ လက်ပ်တော့တစ်လုံးရဲ့ စွမ်းဆောင်ရည်တွေထက်တောင် မြင့်မားနေနိုင်ပါတယ်။
Android ဖုန်းတွေထဲမှာ နောက်ထပ်ဘုရင်တစ်ပါးဖြစ်လာနိုင်တဲ့ Samsung Galaxy Note 6 ဖုန်းကိုတော့ အားလုံးက ရင်ခုန်နေကြပြီး အံ့သြစရာနည်းပညာလုပ်ဆောင်ချက်တွေကို သယ်ဆောင်လာတတ်တဲ့ Samsung အတွက် ပရိသတ်တွေက ကြိုတင်ရင်ခုန်နေကြပြီဖြစ်ပါတယ်။

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment