Windows 10 ကို အခမဲ့ upgrade ပေးမှု ဂျူလိုင် ၂၉ မှာ ကုန်ဆုံးမှာဖြစ်ကြောင်း Microsoft ပြောကြား


Microsoft ဟာ Windows 10 OS အခမဲ့ upgrade ပေးမှုကို ဂျူလိုင်လ ၂၉ ရက်နေ့မှာ ရပ်ဆိုင်းမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့က ကြေငြာသွားခဲ့ပါတယ်။
အခုဆိုရင် တစ်ကမ္ဘာလုံးက လက်ပ်တော့၊ စားပွဲတင်ကွန်ပြူတာ၊ စမတ်ဖုန်း နဲ့ Xbox One စက် စုစုပေါင်းအလုံးရေ သန်း ၃၀၀ လောက်မှာ Windows 10 OS ကို အသုံးပြုနေပြီဖြစ်ကြောင်းလည်း Microsoft က ထုတ်ပြန်ခဲ့ပါတယ်။


အကယ်၍ ဂျူလိုင်လ ၂၉ ရက်နေ့နောက်ပိုင်းမှာ upgrade လုပ်ချင်တယ်ဆိုရင်တော့၊ Windows 10 Home full version ကို ၁၁၉ ဒေါ်လာလောက် ကျသင့်မှာပါ။


“ Windows 10 ကို free upgrade ပေးတာ Microsoft အတွက် ပထမဆုံးပါပဲ။ သုံးစွဲသူတွေအနေနဲ့၊ အရင်ကထက် ပိုမြန်မြန် upgrade လုပ်ဖို့အတွက် ကူညီတဲ့အနေနဲ့ပါ။ အခုဆို အချိန်သိပ်မကျန်တော့ပါဘူး။ ဂျူလိုင် ၂၉ ရက်နေ့မှာ free upgrade ပေးမှုကို ရပ်ဆိုင်းမှာဖြစ်ပြီး၊ ဒီအခွင့်အရေးကို လက်မလွတ်မိစေဖို့ တိုက်တွန်းချင်ပါတယ်” လို့ Microsoft က ပြောကြားခဲ့ပါတယ်။
Windows 8 OS အောင်မြင်မှုသိပ်မရရှိပြီးနောက်မှာ၊ Microsoft ဟာ Windows 10 စနစ်ကို အားစိုက် ပြုလုပ်ခဲ့ပြီး၊ Google ရဲ့ Android OS ၊ Apple iOS တို့နဲ့ ဈေးကွက်ဝေစုယှဉ်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။


 Digital Times





















<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 



www.pyaephyo.com

0 comments:

Post a Comment