မျက်နှာပြင် ၆.၄၄ လက်မနဲ့ တစ်နေကုန်ခံဘက်ထရီပါဝင်လာတဲ့ Xiaomi Mi Max ဖုန်း ထွက်ရှိ


Xiaomi ပရိတ်သတ်တွေအကုန် မျှော်လင့်စောင့်စားနေကြတဲ့ Xiaomi Mi Max ဖုန်းဟာ ယနေ့မှာပဲ ထွက်ရှိလာပြီဖြစ်ပါတယ်။ ယနေ့ မေလ ၁၀ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂ နာရီလောက်က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားခဲ့တာဖြစ်ပြီး၊ ဒီဖုန်းနဲ့အတူ MIUI 8 ကိုပါ တပါတည်းမိတ်ဆက်သွားခဲ့ပါတယ်။


မျက်နှာပြင်ကြီးကြီးနဲ့ဖုန်းကြိုက်သူတွေအတွက်တော့ Xiaomi Mi Max ဖုန်းက တကယ့်ကိုအကြိုက်တွေ့မယ့် ဖုန်းဖြစ်ပြီး၊ မျက်နှာပြင်အကျယ် ၆.၄၄ လက်မရှိကာ၊ full-HD (1080×1920) 342ppi ရုပ်ထွက်နဲ့ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Xiaomi က ထုတ်ဖူးသမျှဖုန်းတွေထဲမှာ စခရင်အရွယ်အစားအကြီးဆုံးလည်း ဖြစ်ပါတယ်။


Mi Max ဖုန်းဟာ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားပြီး၊ အညိုရင့်ရောင်၊ ရွှေရောင် နဲ့ ငွေရောင်ဆိုပြီး ကာလာသုံးမျိုး ထွက်လာမှာပါ။ ဖုန်းမျက်နှာပြင်ကြီးပေမယ့် ကိုယ်ထည်ကတော့ ၇.၅ မီလီမီတာ သာအထူရှိပြီး၊ ဖုန်းနောက်ဘက်မှာ လက်ဗွေရာဆန်ဆာလည်း ပါဝင်ပါသေးတယ်။


xiaomi_2016-May-10.0


Xiaomi က ကြေငြာသွားချက်အရ၊ Mi Max ဖုန်းကို မော်ဒယ်သုံးမျိုးနဲ့ ရောင်းချမှာဖြစ်ပြီး၊ RAM 3GB နဲ့ storage 32 GB ၊ 1.8 GHz hexa-core Snapdragon 650 ပရိုဆက်ဆာသုံးမော်ဒယ် Mi Max က မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်၊ RAM 3GB ၊ storage 64GB ပါပြီး၊ 1.8GHz octa-core Snapdragon 652 ပရိုဆက်ဆာသုံး မော်ဒယ်က မြန်မာငွေ ၃ သိန်းခန့် ဖြစ်ပြီး၊ RAM 4GB နဲ့ storage 128 GB ပါ၊ Snapdragon 652 ပရိုဆက်ဆာတူ မော်ဒယ်က မြန်မာငွေ သုံးသိန်းခွဲလောက် ရှိမှာဖြစ်တယ်လို့ သိရပါတယ်။


Xiaomi Mi Max ရဲ့ ကျောကင်မရာကလည်း 16-megapixel အထိပါရှိပြီး၊ f/2.0 အပါချာ (အလင်းဝင်ပေါက်) ရှိပါတယ်။ ရှေ့ကင်မရာကတော့ 5-megapixel ပဲဖြစ်ပြီး၊ ဒီရှေ့ကင်မရာက ၈၅ ဒီဂရီမြင်ကွင်းကျယ်ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


SIM နှစ်ကတ်ထိုးဖြစ်ကာ၊ VoLTE နဲ့ 4G LTE အသုံးပြုနိုင်ပြီး၊ SIM ကတ်ပေါက်ကတော့ hybrid ဖြစ်လို့ microSD ကတ်ပါ ထပ်စိုက်နိုင်ပါသေးတယ်။ ဘက်ထရီကလည်း 4850mAh အထိပါဝင်တဲ့အပြင်၊ Xiaomi ရဲ့ ပြောကြားချက်အရ တစ်နေကုန်အသုံးခံတယ်လို့ သိရပါတယ်။


Xiaomi ဖုန်းတွေထုံးစံအတိုင်း ရီမုတ်ကွန်ထရိုးအဖြစ်သုံးနိုင်တဲ့ အနီအောက်ရောင်ခြည်ပစ်ဆန်ဆာနဲ့ တခြားဖုန်းဆန်ဆာတွေပါရှိပြီး၊ Android 6.0 Marshmallow အခြေခံ၊ MIUI 8 တပါတည်း ပါဝင်လာမှာပါ။


တရုတ်နိုင်ငံပြင်ပကို ဘယ်တော့ဖြန့်ချိသွားမလဲဆိုတာကိုတော့ ကြေငြာခဲ့ခြင်းမရှိပါဘူး။


Mi+Max_01
mimaxlead

 

Credit to ==> Digital Times

0 comments:

Post a Comment