Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၃)
-Jake ၏ ဗီဒီယိုမှတ်တမ်းကို ကြည့်ခြင်းအားဖြင့် Pandora ပေါ်တွင် Jake တို့ ၉၆ ရက်ကြာ နေထိုင်ခဲ့ကြောင်း သိနိုင်ပါတယ်။ ၁၉.၅.၂၁၅၄ တွင်စ၍ ၂၄.၈.၂၁၅၄ ထိနေထိုင်ခဲ့ပါတယ်။
-ဘူဒိုဇာမောင်း၍ သစ်ပင်များကို ဖျက်ဆီးသောအခန်းတွင် ဘူဒိုဇာကိုထိန်းချုပ်သောခလုတ် (စတီယာရင်) မှာ Saitek X52 Pro ဂိမ်းခလုတ်ကို အဆင့်မြင့်ထားခြင်းဖြစ်ပါတယ်။
-ဇာတ်ကားရိုက်ကူးချိန် စုစုပေါင်း ၄ နှစ် ကြာမြင့်ခဲ့ပါတယ်။
-ဒီဇာတ်ကားဟာ 3D နည်းပညာနဲ့ရိုက်၊ 3D နဲ့ရုံတင်ပြသ၊ 3D ဖြင့် အခွေထွက်သော ပထမဆုံး အော်စကာစကာတင်စာရင်းဝင် ဇာတ်ကားဖြစ်ပါတယ်။
-ဇာတ်ကားရုံတင်ပြီးပြီးချင်း ၃၂ ရက်အကြာမှာ စုစုပေါင်းဝင်ငွေ ဒေါ်လာ သန်း၅၀၀ ပြည့်သွားခဲ့ပါတယ်။ ဒါဟာ အမြန်ဆုံးစံချိန်ဖြစ်ပြီး သူ့နောက်မှာBatman: The Dark Knight ဇာတ်ကားမှ ၄၅ ရက်စံချိန်၊ Titanicဇာတ်ကားမှ ၉၈ ရက်ကြာစံချိန် အသီးသီးရရှိထားပါတယ်။
-ဇာတ်ကားရဲ့ စုစုပေါင်းဝင်ငွေဟာ $ 2,779,404,183 (ဒေါ်လာ ၂ ဘီလျံကျော်) ရရှိခဲ့ပါတယ်။
-ဒီဇာတ်ကားဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ရိုက်ကူးပြီး အကောင်းဆုံးဓာတ်ပုံအတတ်ပညာ အော်စကာဆုကို ပထမဆုံးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
-စုစုပေါင်း အော်စကာဆု ၃ ဆု ရရှိခဲ့ပါတယ်။
အားလုံးပဲကျေနပ်နိုင်ကြပါစေခင်ဗျာ။
Movie Locos မှ စုစည်းတင်ပြသည်။
0 comments:
Post a Comment