ယင်းလေ့လာချက်က အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၃၀ ကျော်ရဲ့ ဖုန်းကို track လုပ်ခဲ့ခြင်း ဖြစ်ပါ တယ်။ လေ့လာချက်အရ ၆၈ မိနစ်ဝန်းကျင်လောက် အသုံးပြုနေသူဟာ စိတ်ကျရောဂါရှိနိုင်ချေများပါတယ်။ သူတို့ဟာ သာမန်လူတွနဲ့ ယှဉ်ရင် ပိုလို့ အားငယ်တတ်သူ၊ စိတ်ညစ်တတ်သူ၊ ဝမ်းနည်းတတ် သူ တွေဖြစ်နေပါတယ်။ ဒါ့အပြင် နောက်ထပ် နည်းလမ်းကတော့ GPS tracking ဖြစ်ပါတယ်။ GPS tracking အရ နေရာ တစ်နေရာ တည်းမှာပဲ ခပ်ကြာကြာ နေတတ်သူများဟာလည်း စိတ်ကျရောဂါ ရှိနိုင်ချေ များသူများ ဖြစ်ပါတယ်။ ဒါဟာ အင်တာနက်လိုင်း မြန်ဆန်တဲ့ တိုင်းပြည်တွေမှာ လေ့လာ ဆန်းစစ်ချက် ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာပြည်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနေသူများ အနေနဲ့ Stable ဖြစ်တဲ့ လိုင်း မဟုတ်တဲ့အခါ တစ်ရက်ကို တစ်နာရီလည်း မက နှစ်နာရီလည်း မက ကုန်သူများ ရှိပါတယ်။ ဂိမ်းဆော့သူများ ရှိပါတယ်။ ဒီတော့ immune ဖြစ်တယ်ပဲ ဆိုရမလား စိတ်ကျလွယ်တယ်ပဲ ဆိုရမလား မသိ ဘယ်အရာဆို senstive ဖြစ်လွယ်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Facebook မှာ ကြည့်နိုင်ပြီး အကြောင်းအရာ ကိစ္စ တစ်ခု ကိုယ်နဲ့ သဘောထားခြင်း ကွဲလွဲရင် အေးဆေး ပြောဆိုရ မယ့်အစား ကြမ်းကြမ်းတမ်းတမ်းပြောဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ cyber bullying လုပ်ခြင်းများ ကို မြင်လာရပါတယ်။ ဒါဟာ တစ်ဦးချင်းရဲ့ စိတ်ဓာတ်အရည်အချင်းနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုသော် လည်း အင်တာနက်လိုင်းရဲ့ မကောင်းမှုပေါ် အခြေခံလို့ ထွက်လာတဲ့ မသိစိတ်ခံစားချက်တစ်ခု လည်း ဖြစ်လေမလားလို့ တွေးမိပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဖုန်းကို ခပ်ကြာကြာအသုံးပြုခြင်းက စိတ်ကျန်းမာရေးနဲ့တော့ ဆက်စပ် မှုရှိတာ သေချာပါတယ်။ ဖုန်းကို တစ်ရက်ကို ၁ နာရီထပ် ပိုပြီးတော့ သုံးတာဟာ ကျန်းမာရေး အတွက် မကောင်းကြောင်း အမေရိကန်က ဆေးပညာရှင်များက သုံးသပ်ပြထားပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)
#aungkham_mmas
Credit to==.www.pyaephyo.com
Thiha Htike(THT)
thihahtike.it@gmail.com
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)
Welcome From My Blog

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P
ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

0 comments:
Post a Comment