အမြင့်ဆုံး အလုံးကတော့ HTC Desire 626 ဖြစ်ပါလိမ့်မယ်။ အရွယ်အစားကလည်း ၅ လက်မ ဆိုတော့ သူ အကြီးဆုံးပါ။ 520 က ၄.၅ လက်မ၊ 526 က ၄.၇ လက်မ အသီးသီး ရှိပါတယ်။ HTC 626 မှာ RAM 1.5 GB, Quad Core ပါဝင်ပြီး 520 အနိမ့်ဆုံးအလုံးမှာတောင် RAM 1GB ရှိပါတယ်။ 526 ကလည်း RAM 1.5 GB ပါပဲ။ အားလုံးကတော့ Basic Memory အားဖြင့် 8 GB ပါဝင်မှာ ဖြစ်ပါတယ်။ အော်.. 626 က internel 16GB နဲ့ လာတာပါ။ ကင်မရာကတော့ 8 MP အသီးသီး ပါဝင်ပြီး front အမြင့်ဆုံးကတော့ 626 ဖြစ်ပြီး Front facing က 5MP ပါဝင်မှာ ဖြစ်ပါတယ်။ အော် ဒါနဲ့ 626S လည်း ပါဝင်ပါတယ်။ 626S က အနည်းငယ် နိမ့်တဲ့ဖုန်းပါ။ ပြီးတော့ internal 8GB ဖြင့်သာ လာခြင်း ဖြစ်ပါတယ်။ အားလုံး Micro SD ကဒ် ထိုးဖို့ ပါဝင်ပါတယ်။
အားလုံးကို ပလက်စတစ်နဲ့ လုပ်ထားခြင်း ဖြစ်ပြီး iPhone 5C အန်းဒရိုက်ဗားရှင်းလို့ အမည်ပြောင် ခေါ်ကြ ပါတယ်။ အရောင်ကတော့ ပုံမှာ မြင်တွေ့ရသလိုပဲ အတော်လေး စုံအောင် ထုတ်ထားပါတယ်။ အနီရောင်၊ အနက်ရောင်၊ အပြာရောင် အစရှိသဖြင့်တို့အပြင် Silver, White တို့ပါရှိပါတယ်။
ဈေးနှုန်းကတော့ အသက်သာဆုံး အလုံးက ၂၀၀ ဝန်းကျင်လောက် အထိ ရှိနိုင်ပြီး ဈေးအကြီးဆုံးကလည်း ၄၀၀ အောက်မှာပဲ ရှိနိုင်ဖွယ် ရှိကြောင်း ဆိုပါတယ်။ အမေရိကန်မှာ contract နဲ့ carrier တွေ က ရောင်းတာ ဆိုရင် ၂၀၀ ပဲ ရှိပါတယ်။ မြန်မာပြည် ရောက်နိုင်ဖွယ် ရှိမရှိ မသိပေမယ့် အမေရိကန် နဲ့ ဥရောပ ဈေးကွက်တို့မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။
Ref: cnet
အောင်ခမ်း (ရိုးရာလေး)
Credit to==>www.pyaephyo.com
Thiha Htike(THT)
thihahtike.it@gmail.com
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)
Welcome From My Blog
Welcome From My Facebook Group
Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P
ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

0 comments:
Post a Comment