တစ်ချိန်က ကွန်ရက် ကျယ်ပြန့် စွာ အသုံးပြုနိုင်သည်ဟု နာမည်ကြီးခဲ့သည့် CDMA 450 မိုဘိုင်းဖုန်း လိုင်းများနှင့်CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို ခေတ်မီခြင်း မရှိတော့ဟု ယူဆသည့် အချိန်၌ အခြားသော မိုဘိုင်းဖုန်းလိုင်းများနှင့် ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ GSM သို့မဟုတ် WCDMA မိုဘိုင်းဖုန်းလိုင်းများနှင့် အစားထိုးပြောင်းလဲ ပေးရန် စဉ်းစားထားသော်လည်း မိုဘိုင်းဖုန်းကွန်ရက်တစ်ခုမှ အခြားသော မိုဘိုင်းဖုန်း ကွန်ရက်တစ်ခုသို့ ပြောင်းလဲ အသုံးပြုစေရာတွင် အသုံးပြုနေသည့် ဂဏန်း နံပါတ်များ အတိုင်း ပြန်လည်ရရှိစေရေးမှာ အဓိကဆွေးနွေး ရမည့် အချက်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
မည်သည့်အချိန်၌ ကွန်ရက် အပြောင်းအလဲ ပြုလုပ်ပေးမည် ကို မသိရသော်လည်း ခေတ်မမီတော့ဟု ယူဆသည့်အချိန်၌ ပြောင်းလဲမှုများ ပြုလုပ်ပေးသွားမည်ဟု ၎င်းကပြောသည်။ CDMA မိုဘိုင်းဖုန်းလိုင်းနှင့် ပတ်သက်၍ တာဝန်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း MEC နှင့် ပတ်သက်၍ အတိအကျ မသိ ရှိသည့်အတွက် ပြောကြားနိုင်ခြင်း မရှိဟု ၎င်းကဆိုသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် လက်ရှိအချိန်၌ GSM နှင့် WCDMA အစရှိသည့် 3G မိုဘိုင်းကွန်ရက်များကိုသာ အားစိုက် တိုးချဲ့နေခြင်းဖြစ်ပြီး အခြားသော မိုဘိုင်းကွန်ရက်၌ အသုံးပြုနေ သည့် မိုဘိုင်းဖုန်းလိုင်းများကို ဖျက် သိမ်း၍ အဆိုပါကွန်ရက်များသို့ ပြောင်း လဲအသုံးပြုစေမည်ဟု သတင်းစကား များလည်း ထွက်ပေါ်ခဲ့သည်။
Credit to ==> Internet Journal
Thiha Htike(THT)






2 comments:
လဲပေးဘို့တခြားနယ်ကCDMA ကိုင်သူတွေကကြိုက်ချင်ကြိုက်မှာပါ အဲ မန်းလေးမှာက cdmaနဲ့နိုင်ငံခြားကိုဖုန်းခေါ်တာGSMသမားကလုံးဝနိုင်ငံခြားကိုခေါ်မရလို့ညစ်နေကြတာအများကြီးပဲ c/ကို G/နဲ့လဲပေးမယ်ဆိုရင်တော့ အရေးအခင်းတခုဖြစ်မလာဘူးလို့မပြောနိုင်ဘူးနော် WCDMA.နဲ့လဲပေးမယ်ဆိုရင်လက္ခံကောင်းလက္ခံကြပါလိမ့်မယ် ဘာလို့လဲဆိုတော့ လူလယ်လုပ်( ၅၀၀၀၀၀ )နဲ့ရောင်းစားထားတဲ့ဆင်းမ်ကဒ်က( ၁၅၀၀ )တန်ဂျီ >>> စီ>>တို့လောက်အစစအရာရာအခွင့်အရေးနိမ့်ပါး နှိမ်ချခံထားရတော့ မကျေနပ်မူ့အရာမှာတော့ ကျွန်တော်အပါအ၀င် အားလုံးသော ( CDMA ) >>>၅၀၀၀၀၀>>>တန်သမားများဟာ ဂလဲ့စားချေရမဲ့( MPT ) လူပါးဝမူ့ကြီးကျဆုံးခန်းပေါ့ဗျာ ။
ကျွန်တော် လည်း CDMA ပဲ ကျွန်တော် အဖေရောပဲ ဗျ ကျွန်တော်တို့သုံးတာ အဲဖုန်းအဲ နံပါတ်ကိုစပေါ်ကတည်းကသုံးခဲ့တာတော့ချိန်း ပေးလိုက်မယ်ဆို တော်တော် လေးကို အဆင်ပြေမယ်မထင်ပါဘူး ဗျအပေါ်က အကို ပြောခဲ့သလိုပေါ့ ဗျာ အရင် က ၅ သိန်းပေးပြီးဝယ်ခဲ့ရတယ်လေ ၅ သိန်းကြောင့် မဟုတ်ခဲ့ရင်တောင် ကျွန်တော် အခုသုံးနေတဲ့ Sim card လေး နဲ့ လုံးဝ ကို အဆင်ပြေတယ် ဗျ ဖုန်းလိုင်းဆို လည်း စိတ်ပျက်စရာ သိပ်မရှိဘူး တစ်ခြားSim Card တွ လိုင်းမကောင်းတဲ့အချိန်မှာ ကျွန်တော့် Card ကတော့ကောင်းနေတယ်လေ နောက်ပြီး အခု အဲ Sim Card ထဲ့ထားတဲ့ Hanset ကို တစ်ခြား ဘယ် Sim Card ထည့်လို့အဆင်ပြေတော့မလဲဗျ ဘာဖြစ်လို့လဲဆိုတော့ CDMA ဖြစ်နေလို့ပါဗျ။ တစ်ချက်လေး စဉ်းစားကြည့်စေချင်ပါတယ် CDMA ပိုင်ရှင်များအတွက်ပေါ့ နော် ။၊၊၊။
Post a Comment