မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
MPT သည် ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူများအနက် ဆွေသဟာ ဝန်ဆောင်မှု
အသုံးပြုသူနှင့် CDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက်
မိုဘိုင်းဖုန်းခေါ်ဆိုခ ဈေးနှုန်း လျှော့ချ လိုက်သည်ဟု သိရသည်။
ယခင်က ဆွေသဟာ အသုံးပြုသူများကို တစ်မိနစ်ခေါ်ဆိုခ ၃၅ ကျပ် သတ်မှတ်ထားပြီး CDMA အသုံးပြုသူများအတွက် တစ်မိနစ်ခေါ်ဆိုခ ၅၀ ကျပ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ဇူလိုင်လ ၈ ရက်မှစတင်၍ ဆွေသဟာ အသုံးပြုသူများနှင့် CDMA အသုံးပြုသူများသည် တစ်မိနစ် ၂၃ ကျပ်သာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာထား သည်။
အသုံးပြုသူအရေအတွက် အများဆုံးဖြစ်ကြသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများ သည် ဆွေသဟာ ဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းမရှိပါက ပုံမှန်ဈေးနှုန်း တစ်မိနစ် ၅၀ ကျပ် ပေးဆောင်ရ မည်ဖြစ်သည်။
ဆွေသဟာ ဝန်ဆောင်မှုကို ရယူ အသုံးပြုမည်ဆိုပါက ပုံမှန်အားဖြင့် မိုဘိုင်းဖုန်းခေါ်ဆိုခ ဈေးနှုန်း သက်သာမှု ရရှိနိုင်မည်ဖြစ်သော်လည်း မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုခကိုမူ Data စနစ်ဖြင့် ကောက်ခံ သွားမည်ဟု သိရသည်။
လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ကန့်သတ်ချက်ဖြင့် မိုဘိုင်းဖုန်း အသုံးပြုခကို ဈေးနှုန်း ၂၃ ကျပ်သို့ လျှော့ချပေးခဲ့သော်လည်း ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာများသည် မိုဘိုင်းဖုန်း ခေါ်ဆို ခဈေးနှုန်းကို တစ်မိနစ် ၂၅ ကျပ်ဖြင့် ပုံသေဈေးနှုန်း သတ်မှတ်ထားသည်။
Credit to ==> Internet Journal
Thiha Htike(THT)






0 comments:
Post a Comment