မိမိဖုန်းကမလိုအပ်တဲ့ဖိုင်တွေကိုရှင်းထုတ်ပေးမယ့် Clean Master (Boost & AppLock) APK
iPhone 7 နဲ့ iOS 10
လတ်တလောမှာ လူစိတ်ဝင်စားမှု အရမ်းများနေတဲ့ iPhone 7 ဟာ ဒီဇိုင်းအသစ်အဆန်းများ feature အသစ်အဆန်းများနဲ့ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲ့ဒီအတွက်လည်း iPhone 7 ကိုခန့်မှန်းကာဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။
iPhone 7 မှာ သတ္တုဘောင်ကွတ် လုံးဝပါဝင်တော့မှာမဟုတ်သလို Home Button လည်း မြင်တွေ့ရမှာမဟုတ်ပါဘူး။ iPhone 7 မှာ အသုံးပြုမဲ့ iOS 10 ရဲ့ feature အချို့ကလည်း Screen Display ကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ အနေအထားတစ်ခုအထိ မြင်တွေ့ရနိုင်ပါတယ်။ iPhone-tricks.com ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ခြင်းအားဖြင့် Touch ID နဲ့ Home Button တို့ကို Screen မျက်နှာပြင်မှာ ပေါင်းစပ် ဖန်တီးထားပြီး နိုဝင်ဘာလတုန်းက ကြားသိခဲ့ရတဲ့ သတ္တုဘောင် မပါဝင်တဲ့ iPhone 7 ရဲ့ ခန့်မှန်းအယူအဆများနဲ့တူညီနေပါတယ်။
iPhone 7 မှာတော့ iPhone 6s တုန်းက ထည့်သွင်းပေးထားတဲ့ 3D touch ကို ပိုပြီး အသုံးပြုထားတာတွေ့ရနိုင်ပါတယ်။ Application icon တစ်ခုချင်းစီကို Home screen မှာတင် အကြီးချဲ့ နိုင်ပြီး Home Screen ကို မိမိစိတ်ကြိုက် စီမံပြုလုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ Home button နဲ့ touch ID ပါ။ Home button ဟာ အရင်ကလို ခလုတ်ပုံစံမျိုးမဟုတ်တော့ပဲ Screen Display နဲ့ တစ်ပြေးညီ ဖန်တီးထားပါတယ်။ ဒါ့အပြင် Home Button မှာတင် မိမိလတ်တလေ အသုံးပြုပြီးထားတဲ့ application များကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Screen display ကို လက်နှစ်ချက်နဲ့ အသာ တို့လိုက်တဲ့ Screen ပွင့်လာခြင်း ၊ ပိတ်သွားခြင်းများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေအားလုံးကတော့ Iphone Trick ရဲ့ ခန့်မှန်းချက်များ ဖန်တီးထားတဲ့ iPhone 7 နဲ့ iOS 10 တို့ရဲ့ စိတ်ကူးပုံဖော်မှုများဖြစ်ပါတယ်။
Ref : Hacks
Aung Ko Htet (MMA)
Baidu Account ဖွင့်နည်း
Baidu account လေးကတော့ service သမားတွေအတွက် လိုအပ်မယ်လို့ထင်ပါတယ်။
အများအားဖြင့်တော့ သိရှိပြီးသားလည်းဖြစ်မှာပါ။ ဒါပေမဲ့ နောက်ပိုင်းအချို့ service လုပ်နေသူများ
account ပြုလုပ်နည်းမသိသေးသူများအတွက် အဆင်ပြေစေရန် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Baidu account ပြုလုပ်ရန်အတွက် Gmail တစ်ခုရယ် ဖုန်းနံပါတ်တစ်ခုရယ်လိုအပ်ပါတယ်။
(အသုံးပြုလို့ရမဲ့ဟာတွေလိုအပ်ပါတယ် မရှိတဲ့မေးလ်တွေမရှိတဲ့ဖုန်းနံပါတ်တွေနဲ့မရပါ။) အပေါ်ကဟာတွေ ရှိနေပြီဆို
(အသုံးပြုလို့ရမဲ့ဟာတွေလိုအပ်ပါတယ် မရှိတဲ့မေးလ်တွေမရှိတဲ့ဖုန်းနံပါတ်တွေနဲ့မရပါ။) အပေါ်ကဟာတွေ ရှိနေပြီဆို
ပထမဆုံး ဒီလင့်ကိုသွားပြီး ပုံတွေအတိုင်း လိုက်လုပ်ကြပါ အောက်မှာပုံတွေပြထားပါတယ်သွားရမဲ့ လင့်က...
လင့်သွားလို့မရ ရင် အရှေ့က httpp:// ဖြုတ်ချလိုက်ပြီး www .ဆိုတာ
ရေးပေးလိုက်ပါ။ ပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း Account လေးပြုလုပ်လိုက်ပါ။
ရေးပေးလိုက်ပါ။ ပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း Account လေးပြုလုပ်လိုက်ပါ။
အဆင်ပြေပါစေ။
Ko Htoo ( MMAS )
iPhone 7 မှာ ထည့်သွင်းမဲ့ နားကြပ်ပေါက် မပါတဲ့ နည်းပညာကို iOS 9.3 မှာ တွေ့ရှိ
ကောလဟာလမျိုးစုံထွက်နေတဲ့
iPhone 7 ရဲ့ သတင်းတွေကို အတည်ပြုလိုက်တဲ့ သတင်းတစ်ခုကတော့
နားကြပ်ပေါက်ကို ဖြုတ်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Apple ဟာ iPhone7
ကိုအပါးဆုံးပုံစံနဲ့ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အတွက်
နားကြပ်ပေါက်ကို ဖြုတ်ဖို့ သေချာသွားတာဖြစ်ပါတယ်။ ဒါ့အပြင် iOS 9.3
ကိုလည်း iPhone 7 မှာ အသုံးပြုဖို့အတွက် စီစဉ်ထားတယ်ဆိုတာလည်း
သေချာသလောက်ရှိသွားပါတယ်။
iOS developer တစ်ယောက်ဖြစ်သူ @Uloshe ဟာ iOS 9.3 ရဲ့ Coding ထဲမှာ စမ်းသပ်ရှာဖွေထားတဲ့ code များကို သူရဲ့ Twitter
account မှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ Code တွေကတော့ iOS 9.3 ဟာ
နားကြပ်ပေါက်မပါပဲ နားကြပ်ကို အသုံးပြုနိုင်တဲ့ Coding ဖြစ်နေပါတယ်။
ဒါကြောင့်လည်း iPhone 7 ဟာ နားကြပ်ပေါက်မပါပဲ ထွက်ရှိလာမယ်ဆိုတဲ့ ကောလဟလ
သတင်းက ယုံကြည့်ရမဲ့ သတင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
iPhone 7 ဟာ Li-Fi
စနစ်ကို ထောက်ပံ့ပေးထားကြောင်းကိုလည်း တွေ့ရှိထားပါတယ်။ အဲ့ဒီအချက်နဲ့ပဲ
iPhone 7 မှာ နားကြပ်ပေါက်မပါတဲ့ သတင်းက ခိုင်မာခဲ့ပါတယ်။ Li-Fi
ဆိုတာကတော့ အလင်းနဲ့
ကြိုးမဲ့စနစ်ကို ထောက်ပံ့ပေးတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ Apple
စက်ရုံအနေနဲ့ အခိုင်အမာ ထွက်ရှိနေတဲ့ ကောလဟလ သတင်းများအပေါ် ဘာမှ တုံ့
ပြန်ချက်မပေးသေးတဲ့အတွက် ကောလဟလ သတင်းများကို အတည်ပြုဖို့
ခက်ခဲနေပါသေးတယ်။
ref : Hack
Aung Ko Htet (MMA)
#aungkohtet_mma
"This app is turned off by group policy" ဆိုတဲ့ Windows Defender Error ဖြေရှင်းနည်း
Windows Defender ဆိုတာကတော့ Microsoft မှ ကွန်ပျူတာ ထုတ်စဉ်ကထဲက သူ့အိုးနဲ့ သူ့ဆန် တန်အောင် တခါထဲ ထည့်ပေးလိုက်တဲ့ Antivirus Program ပါ...
Third-party Antivirus Software တွေ သုံးစရာ မလိုအောင်
ကောင်းမွန်ပြည့်စုံတဲ့ Antivirus Program လည်းဖြစ်ပါတယ်။
အချို့သော Software တွေက Install လုပ်တဲ့အခါမှာ ဒီ Windows Defender ကိုပါ တခါထဲ Disable လုပ်သွားတတ်တဲ့အတွက် "This app is turned off by group policy" ဆိုတဲ့ Error Message တတ်လာပြီး Windows Defender ကို ဖွင့်မရအောင် လုပ်သွားတတ်ပါတယ်။
ဒါဟာ ကြီးမားတဲ့ ပြဿနာပါ...
Antivirus Program မရှိတော့တဲ့အတွက် (Disable) လုပ်ခံလိုက်ရတဲ့အတွက်
Window ဟာ အကာအကွယ် မဲ့နေပြီး Virus ပေါင်း သောင်းခြောက်ထောင်ဟာ အဟန့်အတားမရှိ အင်တာနက်ကတဆင့် ဝင်နိုင်သွားပါပြီ။
Windows Defender ကိုပြန်ပြီး ON မထားမိရင် မိမိစက်ဟာ Error ပေါင်း သောင်းခြောက်ထောင်
Virus ပေါင်း သောင်းခြောက်ထောင်နဲ့ သုံးရတာ ဘယ်လိုမှ အဆင်ပြေနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ မပူပါနဲ့ ဒီ Windows Defender လို့ ခေါ်တဲ့ Antivirus Program ဟာ အလုပ်လုပ်သလား မလုပ်ဘူးလားဆိုတာကိုသာ သတိထားပြီး စစ်ဆေးပါ.. တကယ်လို့ "This app is turned off by group policy" ဆိုတဲ့ Error Message box တတ်လာရင် အောက်ပါအတိုင်း ဖြေရှင်းပေးလိုက်ပါ....
Windows+R = RUN သို့မဟုတ် Window Search box မှာ gpedit.msc ဆိုတဲ့ Command ကို
ရိုက်ထည့်ပြီး Local Group Policy Editor ကို ဝင်လိုက်ပါ..
Administrative Templates > Windows Components > Windows Defender အထိ ရောက်အောင်သွားပါ..
Turn off Windows Defender ကို Double Click နဲ့ ဖွင့်လိုက်ပါ...
Disable ကို ရွေးပြီး Apply > OK နဲ့ ထွက်လိုက်ပါ....
Control Panel > View by: Large icons မှတဆင့်
Windows Defender ကိုဖွင့်လိုက်ပါ....
Start Now ကို နှိပ်လိုက်ရင် အောက်ပါအတိုင်း ပုံမှန်ဖြစ်သွားပါလိမ့်မယ်။
ညာဖက်မှ Scan now ကို နှိပ်ပေးပြီး Virus ရှိ မရှိ စစ်ဆေးပါ...
အထက်ပါအတိုင်း Virus တွေ့ခဲ့လျှင် Clean PC ကို နှိပ်ပြီး Virus ကိုသတ်ပါ...
ပြီးရင် စက်ကို Restart ချပေးလိုက်ပါ။
အဆင်ပြေကြပါစေ...
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
ဖုန်းထည့်မှာ အဆင့်မြင့်မြင့်နားထောင်းမယ်-PlayerPro Music Player v3.4 APK
Download Here
♪ Sega ၏ Football Manager 2016 ဂိမ်းသစ်ဝင်ရောက် ♫
Sega
၏ ရောင်းအားအကောင်းဆုံး Football Manager 2016 ဂိမ်းမှာ PC အတွက်
ဝင်ရောက်လာပြီး နိုင်ငံ ၅၀ ကျော်မှ Club အသင်းများနှင့်အတူ
ဥရောပတိုက်ဘောလုံး Club အသင်းများ၊ League များအားလုံး ပါဝင်ထားကြောင်း
သိရသည်။
Gameplay features သစ်များအဖြစ် Tracksuit Manager၊ Matchday Experience နှင့် Scouting Centre တို့ ပါဝင်ထားပြီး 3D Game Engine အသစ်ကို အသုံးပြုထားသောကြောင့် ဘောလုံးပွဲများကိုကြည့်ရှုရာတွင်လည်း ဘောလုံးသမားများ၏ လှုပ်ရှားမှုများမှာ ယခင်ကထက် ပိုမိုအသက်ဝင်လာကြောင်း သိရသည်။
Sega ၏ Football Manager 2016 ဂိမ်းသစ်ကို GAME HIVE ဖုန်း - ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ သို့ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal
♪ 4G နည်းပညာကို ခွင့်ပြုပါက ဝန်ဆောင်မှု စတင်နိုင်ပြီဟု Ooredoo ပြော ♫
ဆက်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနအနေဖြင့် 4G ဝန်ဆောင်မှုအတွက် ဆက်သွယ်ရေး ရေဒီယိုလိုင်းများ
ချထားပေးပါက ၎င်းတို့အနေဖြင့် 4G ဝန်ဆောင်မှုပေးအပ်ရန် အသင့်အနေအထားတွင်
ရောက်ရှိနေသည်ဟု Ooredoo က ကြေညာလိုက်သည်။
လက်ရှိအချိန်၌ ၎င်းတို့သည် မည့်သည့်ဆက်သွယ်ရေး အော်ပရေတာမှ ပေးအပ်ခြင်းမရှိသေးသည့် 3G မိုဘိုင်းဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍ ဝန်ဆောင်မှုပေးအပ်နေသည်ဟုလည်း သတင်းထုတ်ပြန် ပြောဆိုခဲ့သည်။
ဆက်သွယ်ရေး အော်ပရေတာများအနက် Ooredoo သည် အနည်းဆုံးသော အသုံးပြုသူ အရေအတွက်ကို ပိုင်ဆိုင်ထားပြီး အသုံးပြုသူ အရေအတွက်မှာ ၆ သန်းကျော်ရှိသည်ဟု သိရသည်။
“အသုံးပြုသူအားလုံးက 4G ကို သုံးဖို့ အသင့်ဖြစ်နေပါပြီ။ Ooredoo ရဲ့ဆင်းမ်ကတ်အားလုံးကလည်း 4G အသုံးပြုဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်” ဟု Ooredoo ၏ စီအီးအိုဖြစ်သူ Mr. Rene Meza က ပြောသည်။
2G နှင့် 3G ကွန်ရက် နှစ်မျိုးစလုံးကို ဝန်ဆောင်မှုပေးအပ်နေသည့် Telenor က 4G ကွန်ကို အသုံးပြုသူ လိုအပ်ချက် ရှိလာသည့်အခါ ၎င်းတို့အနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်သည့် အနေအထားတွင်ရှိသည်ဟု သတင်းများ ထုတ်ပြန်ပြောဆိုထားသော်လည်း Ooredoo သည် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဆင်းမ်ကတ် စတင်ရောင်းချစဉ်ကတည်းက 4G စနစ် အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များကို တစ်ပါတည်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“နည်းပညာအားဖြင့် 4G အတွက် အသင့်ဖြစ်နေပါပြီ။ ဆင်းမ်ကတ်အသစ်တွေ လဲလှယ်အသုံးပြုဖို့ မလိုအပ်တဲ့အတွက် ကျွန်တော်အရောင်းဆိုင်တွေမှာ ဆင်းမ်ကတ်လဲလှယ်ဖို့ တန်းအရှည်ကြီးစီပြီး စောင့်ဆိုင်းရတာ မရှိတော့ဘူးပေါ့” ဟု Mr. Rene Meza ဆိုသည်။

♪ iPhone အတွက်ဖြန့်ချိထားသော Chrome ၏ စွမ်းဆောင်ရည် ပိုမိုမြန်ဆန် ♫
Google
သည် iOS သုံးစွဲသူများ မျှော်လင့်နေသည့်အတိုင်း Chrome ကို
အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီး WKWebView rendering engine သစ်ကို
အသုံးပြုခဲ့သည်။ Apple ၏ ကိုယ်ပိုင် Safari browser တွင်လည်း အဆိုပါ engine
ကို အသုံးပြုထားသည်။ ယခု update သည် iOS အတွက်ဖြန့်ချိထားသော Chrome တွင်
စတင်ပါဝင်လာပြီ ဖြစ်သည်။
အမြင်ပိုင်းဆိုင်ရာ အနေဖြင့် Chrome မှာများစွာ ပြောင်းလဲခြင်း မရှိသော်လည်း အလုပ် လုပ်ဆောင်ရာတွင် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။ Google ၏ browser သည် crash ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်း နည်းပါးသွားသည်။ Chrome သည် JavaScript ကို Safari ကဲ့သို့ မြန်ဆန်စွာ ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။ Google သည် benchmark tool များဖြင့် iOS တွင် Safari နှင့်တိုက်ရိုက် ယှဉ်ပြိုင်၍ စမ်းသပ်ခဲ့ကြောင်းသိရသည်။
Chrome ၏အားနည်းချက်မှာ iOS 9 အသုံးပြုထားသော iPhone နှင့် iPad များတွင်သာ အဆင့်မြှင့်တင်ထားသော စွမ်းဆောင်ရည်ကို ရရှိမည် ဖြစ်ကာ ယခင် iOS ဗားရှင်းများမှာ အကန့်အသတ်ရှိကြောင်း Chromium အဖွဲ့က ပြောကြားခဲ့သည်။
Ref: TheVerge

Facebook ကိုဖိုင်ဆိုဒ် နည်းနည်းနဲ့သုံးနိုင်မယ့် - Mini Facebook v2.0.2 APK
-
Facebook ကိုဖိုင်ဆိုဒ် နည်းနည်းနဲ့သုံးနိုင်မယ့် - Mini Facebook v2.0.2 APK ကောင်းလေးပါ ဖိုင်ဆိုဒ် နည်းနည်းနဲ့ Facebook ချက် /Post တင်တာတွေကို အသုံးပြုဖို့အောက်မှာ ဒေါင်းနိုင်ပါပြီ (ပုသိမ်နည်းပညာ)
MFF - Mini For Facebook
This App is the perfect solution of your small or not good performance device but why and not for better phones this app is for Facebook so its a supper one for reading news feed directly at your phone it has a supper fancy design with side slide menu and has a lot of features :
*Works with 4G,3G,Data and wi-fi !
*Video Downloader For Facebook you can now download videos and photos from Facebook directly to your Smartphone !
*Mini For Facebook Support Video Downloading its really cool tool that you can use !
*With this Feature you can download video from facebook, save on the sdcard and play in offline without internet connection.
*Don't drain your battery so fast and don't full up your device with junks !
*Its Small app with Big Options
*Once Install Log in and have Fun !
The New Full Book News Feed Reader of 2015 its like a 4G Browser 2015 or Fast Browser compacted in a app for better reading chatting messaging Liking Sharing and other great stuff !
You can search for Mini Fb or Mini Facebook but we are only the Mini For Facebook that makes your Phone Fly through the News Feed in all Internet Features !
That For Its A Small app from us but a Big Deal for your phones without any high usage of ram and consummating a lot of Rom its the best combined app of Fancy and Performance it has a specific Algoritmus that allow getting news from your Facebook Account !
Who Want double app for one thing nobody we allow you to chat with your friends with in one chat we are still by the 3.5 Mb because we are the same logic that your logic and what you are thinking get messaging in 2015 happy new years and other stuff with friends without to leave the app or to in another app !
Than your settings get fixed your settings without to go in hide tabs its visible just one slide away is a supper solution for your personal settings !
And More More things get updated every time with hosting it notify you to get the news and the best updates Tafview Fast For Facebook!
So 4G Browsing or other internet stuff just with one solution to surf through your FB Dates choice your Mini Facebook its Free and it would be free every time !
Your Team :Gold Finger 2015
Unknown user How to Download
www.patheinit.com
Payephyokyaw