iPhone 7 Plus တွင် ကျောဘက်ကင်မရာနှစ်ခု ပါဝင်လာဖွယ်ရှိ


iPhone အသစ်ထွက်ရှိရန် ၆ လကျော်ခန့် လိုသေးသော်လည်း အဆိုပါ iPhone သစ်နှင့် ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာနေပြီဖြစ်သည်။ iPhone သတင်းများနှင့် စပ်လျဉ်း၍ ယုံကြည်အားထားရသော KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူ၏ ပြောကြားချက်အရ iPhone 7 Plus တွင် dual-camera စနစ် ပါဝင်လာဖွယ်ရှိကြောင်း MacRumors က ဖော်ပြခဲ့သည်။

အဆိုပါ ကင်မရာနှစ်ခုသည် သီးခြားပုံရိပ်များ ဖမ်းယူခြင်းနှင့် 3D ပုံရိပ်ဖမ်းယူခြင်းထက် အရည်အသွေးမြင့်မားသော ပုံရိပ်တစ်ခုကို ဖမ်းယူခြင်းအတွက်သာ ပူးပေါင်းလုပ်ဆောင်ဖွယ်ရှိသည်။ ကူက ၎င်းကင်မရာနှစ်ခုသည် ပုံရိပ်အရည်အသွေး ကျဆင်းမှုမရှိဘဲ zoom ချဲ့ရိုက်ကူးခြင်းအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ဖွယ်ရှိကြောင်း ဆိုခဲ့သည်။

အခြားစိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုမှာ iPhone 7 Plus ကို ဗားရှင်းနှစ်မျိုးဖြင့် တွေ့မြင်ရှိကြောင်း၊ ၎င်းဗားရှင်းနှစ်မျိုးအနက် တစ်မျိုးတွင် dual-camera စနစ်ပါဝင်ပြီး ကျန်တစ်မျိုးတွင် ပုံမှန်ကင်မရာတစ်ခုတည်းကို အသုံးပြုထားကြောင်း ကူ၏ သုတေသနမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

Dual-camera စနစ်တွင် ပါဝင်သော မှန်ဘီလူးနှစ်ခုသည် 12 megapixels resolution ဖော်ပြပေးနိုင်ကြောင်း၊ မှန်ဘီလူးတစ်ခုသည် အရည်အသွေးမြင့်မားသော ဓာတ်ပုံများအတွက် optical image stabilization နှင့်ရိုက်ကူးနိုင်မည့် wide-angle ဗားရှင်းတစ်ခုဖြစ်ပြီး ကျန်တစ်ခုမှာ ပုံရိပ်တစ်ခုကို နှစ်ဆမှ သုံးဆအထိ ချဲ့ကာ ရိုက်ကူးနိုင်သည့် optical zoom တစ်ခုပါဝင်ကြောင်း ကူက ပြောကြားခဲ့သည်။

Ref: TheVerge/CNET
 credit internetjournal
သီဟထိုက်

0 comments:

Post a Comment