♪ iPhone အတွက်ဖြန့်ချိထားသော Chrome ၏ စွမ်းဆောင်ရည် ပိုမိုမြန်ဆန် ♫


Google သည် iOS သုံးစွဲသူများ မျှော်လင့်နေသည့်အတိုင်း Chrome ကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီး WKWebView rendering engine သစ်ကို အသုံးပြုခဲ့သည်။ Apple ၏ ကိုယ်ပိုင် Safari browser တွင်လည်း အဆိုပါ engine ကို အသုံးပြုထားသည်။ ယခု update သည် iOS အတွက်ဖြန့်ချိထားသော Chrome တွင် စတင်ပါဝင်လာပြီ ဖြစ်သည်။

အမြင်ပိုင်းဆိုင်ရာ အနေဖြင့် Chrome မှာများစွာ ပြောင်းလဲခြင်း မရှိသော်လည်း အလုပ် လုပ်ဆောင်ရာတွင် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။ Google ၏ browser သည် crash ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်း နည်းပါးသွားသည်။ Chrome သည် JavaScript ကို Safari ကဲ့သို့ မြန်ဆန်စွာ ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။ Google သည် benchmark tool များဖြင့် iOS တွင် Safari နှင့်တိုက်ရိုက် ယှဉ်ပြိုင်၍ စမ်းသပ်ခဲ့ကြောင်းသိရသည်။

Chrome ၏အားနည်းချက်မှာ iOS 9 အသုံးပြုထားသော iPhone နှင့် iPad များတွင်သာ အဆင့်မြှင့်တင်ထားသော စွမ်းဆောင်ရည်ကို ရရှိမည် ဖြစ်ကာ ယခင် iOS ဗားရှင်းများမှာ အကန့်အသတ်ရှိကြောင်း Chromium အဖွဲ့က ပြောကြားခဲ့သည်။

Ref: TheVerge
Credit to ==> Internet Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment