♪ 4G နည်းပညာကို ခွင့်ပြုပါက ဝန်ဆောင်မှု စတင်နိုင်ပြီဟု Ooredoo ပြော ♫


ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် 4G ဝန်ဆောင်မှုအတွက် ဆက်သွယ်ရေး ရေဒီယိုလိုင်းများ ချထားပေးပါက ၎င်းတို့အနေဖြင့် 4G ဝန်ဆောင်မှုပေးအပ်ရန် အသင့်အနေအထားတွင် ရောက်ရှိနေသည်ဟု Ooredoo က ကြေညာလိုက်သည်။

လက်ရှိအချိန်၌ ၎င်းတို့သည် မည့်သည့်ဆက်သွယ်ရေး အော်ပရေတာမှ ပေးအပ်ခြင်းမရှိသေးသည့် 3G မိုဘိုင်းဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍ ဝန်ဆောင်မှုပေးအပ်နေသည်ဟုလည်း သတင်းထုတ်ပြန် ပြောဆိုခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာများအနက် Ooredoo သည် အနည်းဆုံးသော အသုံးပြုသူ အရေအတွက်ကို ပိုင်ဆိုင်ထားပြီး အသုံးပြုသူ အရေအတွက်မှာ ၆ သန်းကျော်ရှိသည်ဟု သိရသည်။

“အသုံးပြုသူအားလုံးက 4G ကို သုံးဖို့ အသင့်ဖြစ်နေပါပြီ။ Ooredoo ရဲ့ဆင်းမ်ကတ်အားလုံးကလည်း 4G အသုံးပြုဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်” ဟု Ooredoo ၏ စီအီးအိုဖြစ်သူ Mr. Rene Meza က ပြောသည်။

2G နှင့် 3G ကွန်ရက် နှစ်မျိုးစလုံးကို ဝန်ဆောင်မှုပေးအပ်နေသည့် Telenor က 4G ကွန်ကို အသုံးပြုသူ လိုအပ်ချက် ရှိလာသည့်အခါ ၎င်းတို့အနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်သည့် အနေအထားတွင်ရှိသည်ဟု သတင်းများ ထုတ်ပြန်ပြောဆိုထားသော်လည်း Ooredoo သည် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဆင်းမ်ကတ် စတင်ရောင်းချစဉ်ကတည်းက 4G စနစ် အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များကို တစ်ပါတည်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“နည်းပညာအားဖြင့် 4G အတွက် အသင့်ဖြစ်နေပါပြီ။ ဆင်းမ်ကတ်အသစ်တွေ လဲလှယ်အသုံးပြုဖို့ မလိုအပ်တဲ့အတွက် ကျွန်တော်အရောင်းဆိုင်တွေမှာ ဆင်းမ်ကတ်လဲလှယ်ဖို့ တန်းအရှည်ကြီးစီပြီး စောင့်ဆိုင်းရတာ မရှိတော့ဘူးပေါ့” ဟု Mr. Rene Meza ဆိုသည်။

Credit to ==> Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment