"This app is turned off by group policy" ဆိုတဲ့ Windows Defender Error ဖြေရှင်းနည်း



Windows Defender ဆိုတာကတော့ Microsoft မှ ကွန်ပျူတာ ထုတ်စဉ်ကထဲက သူ့အိုးနဲ့ သူ့ဆန် တန်အောင် တခါထဲ ထည့်ပေးလိုက်တဲ့ Antivirus Program ပါ... 

Third-party Antivirus Software တွေ သုံးစရာ မလိုအောင်
 ကောင်းမွန်ပြည့်စုံတဲ့ Antivirus Program လည်းဖြစ်ပါတယ်။

အချို့သော Software တွေက Install လုပ်တဲ့အခါမှာ ဒီ Windows Defender ကိုပါ တခါထဲ Disable လုပ်သွားတတ်တဲ့အတွက် "This app is turned off by group policy" ဆိုတဲ့ Error Message တတ်လာပြီး Windows Defender ကို ဖွင့်မရအောင် လုပ်သွားတတ်ပါတယ်။

ဒါဟာ ကြီးမားတဲ့ ပြဿနာပါ...  

Antivirus Program မရှိတော့တဲ့အတွက် (Disable) လုပ်ခံလိုက်ရတဲ့အတွက် 
Window ဟာ အကာအကွယ် မဲ့နေပြီး Virus ပေါင်း သောင်းခြောက်ထောင်ဟာ အဟန့်အတားမရှိ အင်တာနက်ကတဆင့် ဝင်နိုင်သွားပါပြီ။

Windows Defender ကိုပြန်ပြီး ON မထားမိရင် မိမိစက်ဟာ Error ပေါင်း သောင်းခြောက်ထောင် 
Virus ပေါင်း သောင်းခြောက်ထောင်နဲ့ သုံးရတာ ဘယ်လိုမှ အဆင်ပြေနိုင်တော့မှာ မဟုတ်ပါဘူး။


ဒါပေမဲ့ မပူပါနဲ့  ဒီ Windows Defender လို့ ခေါ်တဲ့ Antivirus Program ဟာ အလုပ်လုပ်သလား မလုပ်ဘူးလားဆိုတာကိုသာ သတိထားပြီး စစ်ဆေးပါ..  တကယ်လို့  "This app is turned off by group policy"  ဆိုတဲ့ Error Message box တတ်လာရင် အောက်ပါအတိုင်း ဖြေရှင်းပေးလိုက်ပါ....


Windows+R = RUN  သို့မဟုတ် Window Search box မှာ gpedit.msc ဆိုတဲ့ Command ကို 
ရိုက်ထည့်ပြီး  Local Group Policy Editor ကို ဝင်လိုက်ပါ..



Administrative Templates > Windows Components > Windows Defender အထိ ရောက်အောင်သွားပါ..



 Turn off Windows Defender ကို Double Click နဲ့ ဖွင့်လိုက်ပါ...



Disable ကို ရွေးပြီး Apply > OK  နဲ့ ထွက်လိုက်ပါ....



Control Panel > View by: Large icons မှတဆင့် 



Windows Defender ကိုဖွင့်လိုက်ပါ....



Start Now ကို နှိပ်လိုက်ရင် အောက်ပါအတိုင်း ပုံမှန်ဖြစ်သွားပါလိမ့်မယ်။



ညာဖက်မှ Scan now ကို နှိပ်ပေးပြီး Virusှိ မရှိ စစ်ဆေးပါ...



အထက်ပါအတိုင်း Virus တွေ့ခဲ့လျှင်  Clean PC ကို နှိပ်ပြီး Virus ကိုသတ်ပါ...


ပြီးရင် စက်ကို Restart ချပေးလိုက်ပါ။


အဆင်ပြေကြပါစေ...

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net




0 comments:

Post a Comment