♪ “ 6.9" HTC Desire T7 tablet နှင့် ပတ်သက်သောသတင်းများ ထွက်ပေါ် “ ♫


HTC သည် ၎င်း၏ Desire အမှတ်တံဆိပ်အတွက် tablet အသစ်တစ်ခုထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရပြီး HTC Desive T7 ဖြစ်သည်။ GFX Bench benchmark site မှ ပေါက်ကြားခဲ့သော သတင်းအရ Desire T7 နှင့် ပတ်သက်သော specs အချို့အား သိရှိခွင့်ရလာခဲ့သည်။

၆.၉ လက်မ screen သည် 720 × 1280 pixels resolution ရှိကြောင်းသိရပြီး Spreadtrum SC 8830 chipset အား သုံးစွဲထားကာ 1.3GHz qual-core CPU ဖြစ်သည်။ ဂရပ်ဖစ်မှာ Mali 400 MP 2 GPU နှင့် RAM 1GB တို့ပါဝင်သည်။ storage 16GB ဖြစ်သည်။ ရှေ့ရော နောက်ကင်မရာကိုပါ 5MP သုံးစွဲထားသည်။ HTC Desire T7 သည် ဖွံ့ဖြိုးဆဲ ဈေးကွက်များအတွက် အဓိကရည်ရွယ်ကြောင်းသိရသည်။ HTC Desire T7 ကို ဖေဖော်ဝါရီ ၂၂ WC 2016 ပွဲတွင်မြင်တွေ့ရရန် မျှော်လင့်နိုင်သည်။ လက်ရှိသတင်းများအရ HTC သည် ၎င်း၏ Flagship HTC One M10 အား ထိုပွဲတွင်မပြသတော့ဘဲ မတ်လထဲတွင်မှမိတ် ဆက်ရန်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် T50 နှင့် T55 Nexus ဖုန်းများ သတင်းလည်းထွက်ပေါ်ခဲ့ရာ ၂၀၁၆ တွင် HTC နှင့်ပတ်သက်သော သတင်းများစွာရှိနေပြီး တရားဝင်ကြော်ငြာမှုများကို သေချာစေရန် စောင့်မျှော် ကြရမည်ဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 









www.pyaephyo.com

0 comments:

Post a Comment