♪ ဈေးနှုန်းသင့်တင့်ပြီးစွမ်းဆောင်ရည်ကောင်းမွန်သော - “KENBO GW 502S” ♫


ဖုန်းဈေးကွက်အတွင်းရှိ နာမည်ကျော်ကြားသော တံဆိပ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် KENBO သည်လည်း မကြာခဏဆိုသလို ဖုန်းအသစ်များကို မိတ်ဆက်ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အသစ် ထုတ်လုပ်မယ့် ဖုန်းရဲ့နာမည်ကတော့ Fly O31 Plus ဖြစ်ပြီး ၀ယ်ယူသော သူများကိုလည်း မေတ္တာလက်ဆောင်များပေးအပ်သွားမှာဖြစ်ပါတယ်။ အဆိုပါဖုန်းရဲ့ဈေးနှုန်းသည် နှစ်သိန်း ၀န်းကျင်ရှိပါတယ်။

ဈေးနှုန်း တစ်သိန်း ၀န်းကျင်ရှိသည့် ဖုန်းများကိုလည်း KENBO မှ ထုတ်လုပ်ရောင်းချပေးထား ပါသေးတယ်။ သုံးစွဲသူများအတွက် အဆင်ပြေစေမယ့် နောက်ထပ် ဖုန်းတစ်လုံး ကတော့ GW 502S ဖြစ်ပါတယ်။ ထိုဖုန်းသည်လည်း ဆင်းကတ် နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် အမျိုးအစားပါ။ 2G, 3G network အထောက်အပံ့များရရှိပါမယ်။ ဒါကြောင့် ဆင်းကတ်များစွာ အသုံးပြုနေ သူများ အတွက်အဆင်ပြေစေမယ့် ဖုန်းဖြစ်ပါတယ်။ Capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပါတယ်။ ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာဖော်ပြပေးနိုင်ဖို့အတွက် ထောက်ပံ့ ပေးထားသည့် pixels ပမာဏကတော့ 720x1280 ဖြစ်ပါတယ်။

ဖုန်းကို ကိုင်ဆောင်အသုံးပြုတဲ့အခါတွင် အဆင်ပြေစေဖို့အတွက် 165.8x 84x 8.9mm အရွယ်အစားဖြင့် ပုံဖော်ပေးထားပါတယ်။ KENBO ရဲ့ အဆိုပါ ဖုန်းသည် ဓာတ်ပုံရိုက်ကူးတဲ့အခါတွင်ကောင်းမွန်သည့်ပုံရိပ်များကို ပေးစွမ်း နိုင်ပါလိမ့်မယ်။ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိခြင်းကြောင့် ဖြစ်ပါ တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1GB နှင့် Internal storage ကို 8GB ထည့်သွင်းပေးထားပါတယ်။

ပါရှိသည့် CPU အမျိုးအစားကတော့ Quad Core ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုတဲ့အခါတွင် အဆင်ပြေစေ ပါလိမ့်မယ်။ သုံးစွဲနိုင်မယ့် Android Version ကတော့ 4.4 ပါ။ အားသွင်း သုံးစွဲရမယ့် ဘက်ထရီအမျိုးအစားသည် 2100mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/WCDMA
Screen - 5 inches
Memory - 8 GB
Bluetooth - Yes
Camera - 13 MP
OS - Android OS,v4.4
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 











0 comments:

Post a Comment