♪ အင်တာနက်သည် ကောင်းကျိုးထက် ဆိုးကျိုးများစေသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ ♫

earth-connected_1024

အင်တာနက်သည် ကဏ္ဍမျိုးစုံတွင် လူသားများ၏ ဘ၀ကို တိုးတက်စေခဲ့ပါသည်။ ကမ္ဘာအ၀န်းမှ လူသားများ ဆက်သွယ်မှု ကောင်းမွန်လာခြင်း၊ ပညာသင်ကြားနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရှိသော်လည်း World Bank မှ စစ်တမ်းအရ ဆိုးကျိုးများရှိနေသည်ဟု သိရပါသည်။

အင်တာနက် ဆက်သွယ်ရေး မကောင်းမွန်သော နိုင်ငံများတွင် ဒစ်ဂျစ်တယ် မညီမျှမှုများကို ဖြစ်ပေါ်စေသည်ဟု စစ်တမ်းက ပြောပါသည်။ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပညာရေး ကဏ္ဍများတွင်လည်း ညီမျှမှု မရှိဟု သိရပါသည်။ အချို့နိုင်ငံများတွင် Artificial Intelligence ကဲ့သို့ နည်းပညာများကို စောစီးစွာ အသုံးပြုနိုင်ပြီး အချို့အတွက်မူ နစ်နာမှုများ ကြီးစွာ ဖြစ်ပေါ်နေပါသည်။

“ တစ်ကမ္ဘာလုံးမှာ ဒစ်ဂျစ်တယ် စားသုံးမှု ညီမျှစေဖို့အတွက် အခြေခံအဆောက်အဦးများမှာ ရင်းနှီးမြှပ်နှံရမှာဖြစ်ပြီး Telecommunications ဈေးကွက်မှာ ပြိုင်ဆိုင်မှုအားကောင်းအောင် စွဲဆောင်ရမှာပါ။ ထိရောက်တဲ့ နည်းဥပဒေများကိုလည်း ပြဌာန်းရမှာပါ။ နိုင်ငံတွေရဲ့ စီးပွားရေး မတိုးတက်ရင်တော့ သတင်းအချက်အလက် ဆက်သွယ်ရေးရဲ့ အကျိုးကျေးဇူးများကို အပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး။ “ ဟု World Bank မှ ဥက္ကဌဖြစ်သူ Jim Yong Kim က ရေးသားထားပါသည်။

ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် အင်တာနက် အသုံးမပြုနိုင်သေးဟု စစ်တမ်းက ရေးသားထားပါသည်။ စစ်တမ်းက ဒစ်ဂျစ်တယ် တော်လှန်ပြောင်းလဲရေးကို အကျိုးကျေးဇူးများစွာ သက်ရောက်စေနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment