♪ “ Google မှ iPhone တွင် defult search engine ဖြစ်ခွင့်ရရန် Apple ကို ဒေါ်လာ ၁ ဘီလီယံ ပေးရဟုဆို “ ♫


iPhone သုံးစွဲသူများအတွက် Google search အား အသုံးပြုရေးသည် Google အတွက် အရေးပါသောကိစ္စ တစ်ရပ်ဖြစ်ပုံရပြီး Apple အား ၂၀၁၄ တွင် ဒေါ်လာ ၁ ဘီလီယံ ပေးခဲ့ရကြောင်းသိရသည်။ ယခုသတင်းသည် ကာလရှည်ကြာစွာဖြစ်နေခဲ့သော Oracle နှင့် Google ၏ အမှုတွဲမှပေါက်ကြား ခဲ့ခြင်းဖြစ်သည်။

ယခုပေးချေမှု သည် ကုမ္ပဏီနှစ်ခုကြား သဘောတူထားသည့် နှစ်စဉ်ဝင်ငွေခွဲဝေမှုအရဖြစ်ပြီး Apple device များမှရရှိသည့် ၀င်ငွေ၏ရာခိုင်နှုန်းအချို့အား Apple သို့ ပေးရခြင်းဖြစ်သည်။ ယခုသဘော တူညီမှုအရ Google အတွက် search ကို လူများများမြင်နေရန် အထူးအရေးပါကြောင်း အား ပြသခဲ့ပြီး၎င်း၏ ပြိုင်ဘက်ကိုပင် ငွေကြေးများစွာ ပေးသည်အထိအရေးပါခဲ့သည်။ Apple ၏ iOS နှင့် Google Android ပေါင်းပါက စမတ်ဖုန်း OS ဈေးကွက်၏ ၉၆% နီးပါးရှိနေပြီး iOS မှ ၁၃.၉% ရှိကာ Android မှ ၈၂.၈ % ရှိကြောင်းသိရသည်။

ပေါက်ကြားခဲ့သော သတင်းအရ Google သည် နှစ်စဉ်ဝင်ငွေ၏ ၃၄% ထိပေးထားကြောင်း သိရသည်။ Google နှင့် Apple ၏ တောင်းဆိုမှုကြောင့် မကြာမီပြသထားသော တရားရုံးမှတ်တမ်းမှ ထိုအချက်များကို ဖယ်ရှားခဲ့ကြောင်း သိရသည်။

ယခုပေါက်ကြားမှုသည် Oracle ၏ ၂၀၁၀ ကတည်းက တရားစွဲဆိုမှုမှဖြစ်ပြီး Android ရှိ 37 Java APIS အတွက် မူပိုင်ခွင့်အရ တရားစွဲခဲ့ခြင်းဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment