♪ Facebook က Sports Stadium ကို မိတ်ဆက် ♫


Facebook က အားကစား ၀ါသနာရှင်များကို စွဲဆောင်ရန်အတွက် သူ၏ လူမှုကွန်ရက်တွင် Sports Stadium စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါသည်။ အဆိုပါ ကဏ္ဍတွင် ပြိုင်ပွဲ၏ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည်။ သူငယ်ချင်းများ ၏ အားကစားပွဲနှင့် ပတ်သက်သည့် ပို့စ်များကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။

Facebook Sports Stadium စွမ်းဆောင်ချက်သည် ESPN, CBS တို့၏ Mobile Apps များနှင့် တူညီပါသည်။ အားကစားသမားများ၊ ကျွမ်းကျင်သူများ၏ ဝေဖန်သုံးသပ်ချက်များကို ပြသပေးသည့် ကဏ္ဍလည်း ပါရှိပါသည်။ Facebook က Sportradar ဟု အမည်ရသော ကုမ္ပဏီထံမှ အားကစားပြိုင်ပွဲနှင့် ပတ်သက်သော ဒေတာများကို ရယူထားခြင်းဖြစ်ပါသည်။

လက်ရှိတွင် Facebook Sports Stadium ကို အမေရိကန်ရှိ iPhone Users များက အသုံးပြုနိုင်ပြီဖြစ်ပြီး Android အတွက်မူ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချီပေးမည်ဟု ကုမ္ပဏီက ပြောပါသည်။

Credit to ==> Myanmar Digital Life Journal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment