၂၀၁၆ ခုနှစ်တွင် Android သုံးစွဲသူများ ပြန်လည်ချေပနိုင်မည့် အချက် (၁၁) ချက်


၂၀၁၆ ခုနှစ်မှာ အချို့သောအရာများကို လက်ခံရတော့မှာ ဖြစ်ပါတယ်။ ထိုသို့လက်ခံရမယ့် အချက်တွေထဲမှာ iPhone က ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဖုန်းမဟုတ်သလို Android ကလည်း iPhone ထက် နိမ့်ကျခြင်းမရှိတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က Android ဖုန်းကို အောက်ပါအချက်များနဲ့ နှိမ်ချပြောဆိုလာတဲ့အခါမှာ ပြန်လည်ချေပနိုင်မယ့် အချက်များကို ဖော်ပြလိုက်ပါတယ်။

(၁) "တချို့ app တွေက Apple App Store မှာပဲရတယ်"
နာမည်ကျော် ကုမ္ပဏီများအနေနဲ့ Android app မထုတ်လုပ်တဲ့အတွက်ကြောင့် သုံးစွဲသူအများအပြားကို လက်လွှတ်ရမှာပါ။

(၂) "Android က Apple ဆီကနေ အမြဲတမ်း ကူးယူနေတယ်"
Google နဲ့ Apple ဟာ စမတ်ဖုန်း feature သစ်များနဲ့ပတ်သက်ပြီး အပြိုင်အဆိုင် ပြုလုပ်နေကြပါတယ်။ Apple က Google ကို အသာစီးရရှိခဲ့သလို Google ကလည်း Apple ကို အကြိမ်ပေါင်းများစွာ အသာစီးရရှိခဲ့သည်။ Multi-tasking, drop-down notification များအပြင် စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ wallpaper, widget များနဲ့ lowercase keyboard တို့က Android မှာ စတင်ပါဝင်လာတဲ့ အရာများ ဖြစ်ပါတယ်

(၃) "iCloud မှာ အရာရာ sync ပြုလုပ်နိုင်တာကြောင့် Apple ကပိုကောင်းတယ်"
Android ဖုန်းများနဲ့ Google Drive မှာလည်း အရာအားလုံးကို sync ပြုလုပ်နိုင်ပါတယ်။

(၄) "iTunes မရှိဘဲ နေလို့ရသလား"
Google မှာလည်း Google Play လို့ခေါ်တဲ့ ကိုယ်ပိုင် music store ရှိပါတယ်။
And at least Google let Apple phones have a Gmail app out of the goodness of their hearts, because what would you do without Gmail?!

(၅) "Android ကို ဘယ်သူတွေသုံးသလဲ"
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စမတ်ဖုန်းသုံးစွဲသူများအနက် ၈၂ရာခိုင်နှုန်းက Android သုံးစွဲသူများ ဖြစ်ပါတယ်။



(၆) "ဒါပေမဲ့ Android မှာ Siri သုံးလို့မရဘူးလေ"
Android မှာ Siri လိုမျိုး သုံးနိုင်တဲ့ Google Now ဝန်ဆောင်မှု ရှိပါတယ်

(၇) "ကင်မရာက အလွန်ရှုပ်ထွေးတယ်"
မရှုပ်ပါဘူး။ Android မှာလည်း ကင်မရာကို အလွယ်တကူပဲ ရိုက်ကူးနိုင်ပါတယ်။

(၈) "Android ရဲ့ စွမ်းဆောင်ရည်က နှေးကွေးလွန်းတယ်"
iPhone သုံးတဲ့သူတွေကပဲ ဒီလိုပြောတာပါ။ Android ရဲ့ စွမ်းဆောင်ရည်က သုံးစွဲသူများ စိတ်ကျေနပ်မှုရရှိစေပါတယ်။

(၉) "Charger ရှိသလား"
Android သုံးစွဲသူအရေအတွက်ဟာ iPhone သုံးစွဲသူထက် ပိုမိုများပြားတာကြောင့် အားသွင်းကြိုး ရှာဖွေရာမှာ လွယ်လွယ်ကူကူတွေ့ရှိနိုင်ပါတယ်။

(၁၀) "Apple ကို အနှေးနဲ့ အမြန် ပြောင်းသုံးရမှာပါ"
Android သုံးစွဲမှုကို နှစ်သက်သူများအနေနဲ့ Apple ထုတ်ကုန်များကို ချက်ခြင်း ပြောင်းလဲ အသုံးပြုမှာမဟုတ်ပါ။

(၁၁) "ဘာပဲဖြစ်ဖြစ် Apple ကပိုကောင်းတယ်"

'လူတစ်ယောက်ဟာ ကိုယ်ပိုင်အမြင်ကိုပဲ ရှေ့တန်းတင်ပြောဆိုလေ့ရှိတာကြောင့် ကိုယ်ပိုင်အချက်အလက်များကို လျစ်လျူရှုထားလေ့ရှိတယ်' ဆိုတဲ့ ဆိုးရိုးစကားရှိတာကြောင့် အမြင်ကွဲပြားနိုင်ပါတယ်။


Ref: Yahoo
credit internetjournal
သီဟထိုက်
www.thihahtike.com

0 comments:

Post a Comment