ကမ္ဘာ့အချမ်းသာဆုံး ဆဋ္ဌမမြောက် ပုဂ္ဂိုလ်ဖြစ်လာသည့် မတ်ဇူကာဘတ်


ဗုဒ္ဓဟူးနေ့က စတော့ရှယ်ယာအိတ်ချိန်း ပိတ်ပြီးနောက် Facebook အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်သည် Oracle ဥက္ကဋ္ဌ လယ်ရီအယ်လီဆန်ကို ကျော်ဖြတ်၍ ကမ္ဘာ့အချမ်းသာဆုံး ဆဋ္ဌမမြောက် ပုဂ္ဂိုလ်ဖြစ်လာသည်။

ဇူကာဘတ်၏ အသားတင်ဝင်ငွေ ရရှိမှုသည် ကန်ဒေါ်လာ ၄.၈၅ ဘီလီယံမှ ကန်ဒေါ်လာ ၄၆.၂၅ ဘီလီယံ မြင့်တက်လာသည်။ ဈေးကွက်ပိတ်သိမ်းပြီးနောက် Facebook ၏ စတော့ရှယ်ယာသည် ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကုမ္ပဏီ၏ သုံးလပတ်ဝင်ငွေရရှိမှု အစီရင်ခံစာအတွက် ရလဒ်ကောင်းတစ်ခု ဖြစ်လာသည်။ ထိုသို့ ရှယ်ယာမြင့်တက်လာမှုကြောင့် ဇူကာဘတ်သည် အသားတင်ဝင်ငွေ ကန်ဒေါ်လာ ၄၃.၆ ဘီလီယံရှိသော အယ်လီဆန်ထက် ကန်ဒေါ်လာ ၂.၅ ဘီလီယံ ပိုမိုများပြားခဲ့သည်။

၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်အတွက် ဝင်ငွေရရှိမှုသည် ခန့်မှန်းထားသကဲ့သို့ ရရှိခဲ့ကြောင်း Facebook မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ စတုတ္ထသုံးလပတ်တွင် Facebook သည် ဝင်ငွေ ၅၂ ရာခိုင်နှုန်းအထိ တိုးတက်ရရှိခဲ့ပြီး စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၅.၈၄ ဘီလီယံအနက် ၈၀ ရာခိုင်နှုန်းမှာ မိုဘိုင်းမှ ရရှိသော ဝင်ငွေဖြစ်ကြောင်း သိရသည်။ Facebook ကို သုံးစွဲသူ အရေအတွက် မှာလည်း ပြီးခဲ့သည့်နှစ်ကထက် ၁၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဇူကာဘတ်သည် ကမ္ဘာအချမ်းသာဆုံးစာရင်းတွင် ပါဝင်သော ဆယ်ဦးအနက် အသက်အငယ်ဆုံးဖြစ်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် Forbes မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်ပေးနေကျ လူပုဂ္ဂိုလ် ၄၀၀ စာရင်းတွင် ဇူကာဘတ်သည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံရှိ အချမ်းသာဆုံး ဆယ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်လာသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ဇူကာဘတ်သည် သက်ရှိထင်ရှား ရှိနေစဉ်အတွင်း Chan Zuckerberg ဖောင်ဒေးရှင်းသို့ ၎င်းပိုင်ဆိုင်သော Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားမည်ဟု ကတိပေး ပြောကြားသွားခဲ့သည်။

Ref: Forbes
 credit internetjournal

0 comments:

Post a Comment