♪ “ZTE က Nubia Prague S ကိုကြေညာ” ♫


ZTE က Nubia Prague S စမတ်ဖုန်းကိုကြေညာလိုက်ပါတယ်။ My Prague Model နဲ့ အတော် ဆင်တူပါတယ်။ မျိုးဆက်သစ်လို့ ပြောလို့ရပေမယ့် ကွဲပြားမှုအနည်းငယ်ပါရှိပါတယ်။ ZTE Nubia Prague S မှာ ၅.၂ လက်မ FullHD 1080p Display တပ်ဆင်ထားပါတယ်။ Octa-Core Snapdragon 615 CPU မောင်းနှင်မှာဖြစ်ပါတယ်။

3GB RAM, 64GB Internal Storage ထည့်သွင်းထားပြီးmicroSD Card ထည့်သွင်းနိုင်ပါတယ်။ My Praugeကို တော့ 2GB RAM/16GB Internal Storage နဲ့ 3GB RAM/32GB Internal Storage နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera ကို LED Flash တစ်ခုနဲ့တွဲဖက်ထားပြီးအရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ မျိုးဆက်သစ်မှာ မျက်စိကို စစ်ဆေးနိုင်တဲ့ Iris Scanner ပါရှိပါတယ်။ ထိတွေ့မှုကိုအာရုံခံနိုင်တဲ့ ထောင့်စွန်းများကို အသုံးပြုပြီးဖုန်းကိုအသုံးပြုနိုင်တဲ့ Nubia FiTနည်းပညာ ပါရှိပါတယ်။

အရွယ်အစားအပြည့်အစုံမှာ 148.2 x 72.5 x 6.8mm ဖြစ်ပြီး မျိုးဆက်သစ်ဟာမော်ဒယ်အဟောင်းရဲ့ ၅.၅ မီလီမီတာထက် ပိုမိုကြီးမား ပါတယ်။အဲဒီအတွက် ပိုမိုကြီးမားတဲ့ ဘက်ထရီကိုထည့်သွင်းပေးထားမယ်လို့ ယူဆရပေမယ့် 2200mAh Battery ကိုသာတပ်ဆင်ပေးထားပါတယ်။ အလေးချိန်အပိုင်းမှာပိုမိုပေါ့ပါးပြီး ၁၃၅ ဂရမ်သာရှိပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး Nubia Prague S ကိုငွေနဲ့ နှင်းဆီရွှေရောင်များ ထုတ်လုပ်ပေးထားပါ တယ်။ ဆယ်လူလာဆက်သွယ်မှုအပေါ်မူတည်ပြီး တရုတ်ယွမ် ၂၃၉၉ ( ဒေါ်လာ ၃၆၅) နဲ့ ယွမ် ၃၄၉၉ ( ဒေါ်လာ ၃၈၀) ဖြင့် ယခုလ ၂၃ ရက်နေ့တွင်ရောင်းချပေးမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








0 comments:

Post a Comment