♪ ဟန်ဆက်အသစ်တစ်မျိုးအားမိတ်ဆက် - “DOOGEE F3” ♫


ပြည်တွင်းဈေးကွက်အတွက် ဟန်းဆက်များစွာကိုတရုတ်နိုင်ငံမှ ကုမ္ပဏီများ ကတင်သွင်းထုတ်လုပ်ရောင်း ချ ပေးနေပါတယ်။ အရည်အသွေး အားဖြင့် လည်း သုံးစွဲလို့ကောင်းမွန်တာကြောင့် ၀ယ်ယူသူများစွာရှိပါတယ်။ ဟန်းဆက်များရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ များသောအားဖြင့် 5” ၀န်းကျင်ရှိပါတယ်။

DOOGEE F3 အမှတ်တံဆိပ်ကလည်းဟန်းဆက် များကို ကောင်းမွန်သောအရည်အသွေးများဖြင့် ဈေးကွက် အတွင်းရောင်းချပေး နေပါတယ်။ F3 ဟန်းဆက်ဟာ5”မျက်နှာပြင်အကျယ်အ၀န်းရှိပြီး မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသောPixels ပမာဏမှာ720 x 1280 ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ယခုF3ဟန်းဆက်ရဲ့ အားသာချက်ကတော့ ကင်မရာစွမ်းရည် ကောင်းမွန်ခြင်းဖြစ်ပါတယ်။ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ ကင်မရာငယ်ကတော့ 5MP စွမ်းရည်ပါ။

ဒါကြောင့် မည်သည့် အနေ အထားမှာပင်ဖြစ်စေ၊ ဓာတ်ပုံရိုက်ကူးပါကပုံထွက်ကောင်းမွန်အောင် ထောက် ပံ့ပေးနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 14.32 x 6.96 x 0.75 cm ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို2GBပါရှိအောင် ဆောင်ရွက်ပေးထားပြီးROM ကို16GB ထည့်သွင်း ပေးထားပါတယ်။ အချက်အလက်အများအပြားသိမ်းဆည်းချင်တယ်ဆိုရင် တော့ မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်အသုံးပြုရပါမယ်။


ထည့်သွင်းပေးထားသောCPU အမျိုးအစားကတော့ MT 6753 64-Bit Octa Core ဖြစ်ပါတယ်။ ဒါကြောင့် လျင်မြန်သောတုံ့ပြန်မှုများကို ပေးစွမ်းနိုင်ပါ လိမ့်မယ်။ အသုံးပြုနိုင်မယ့် OSအမျိုးအစားကတော့ Lollipop ပါ။ အားသွင်း အသုံးပြုနိုင်မယ့် Battery အမျိုးအစားကတော့ 2200mAh ဖြစ်ခြင်းကြောင့် ဖုန်းကိုအချိန်ကြာမြင့်စွာသုံးစွဲနိုင်စေဖို့အတွက် အထောက်အကူဖြစ်စေ ပါလိမ့်မယ်။ ဖုန်းကိုအဖြူနဲ့ အနက်ဆိုပြီး နှစ်ရောင်ထုတ်လုပ်ပေးထားပါ တယ်။

<Specification>
Network - GSM/WCDMA
Screen - 5 inches
Memory - 16GB
Bluetooth - Yes
OS - Android OS, v5.1
Camera - 13 MP
Contact - 09-450505050
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment