♪ Marcus Centre တွင် Marcus Neo စမတ်ဖုန်းအသစ်ကို Pre Order များ စတင်လက်ခံ" ♫


အမှတ် (၁၅၉)၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြား၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်၊ ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြို့ ရှိ Marcus Centre တွင် မကြာမီ မြန်မာပြည်ဈေးကွက်တွင်းသို့ ရောက်ရှိလာတော့ မည့် Marcus Neo စမတ်ဖုန်းအသစ်ကို ၀ယ်ယူအသုံးပြုလိုသူများနှင့် အရောင်းကိုယ်စားလှယ်ကြီးများ အတွက် Pre Order များ စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

Marcus Neo စမတ်ဖုန်းသည် Dual Sim အမျိုးအစား စမတ်ဖုန်းဖြစ်ပြီ 2 G, 3G Network တွေမှာ အသုံးပြုနိုင်ပါတယ်။ အရွယ်အစားအားဖြင့် 144 x 71.5 x 7.8 mm ရှိပါတယ်။ Display ဟာ IPS Full Lamination ONCELL အမျိုးအစားဖြစ်ပြီး ၅ လက်မအရွယ်ရှိပြီး Android 5.1 (Lollipop) ကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် သိုလှောင်မှုပမာဏ Quad Core 1.3 GHz မြန်နှုန်းရှိ Processor က ဆောင်ရွက်ပေးပြီး RAM ကတော့ 1 GB ဖြစ်ပါတယ်။ ဖုန်းတွင်း သိုလှောင်မှုပမာဏ 8 GB ကို ထည့်သွင်းထားပြီး 64 GB ထိ Micro SD နဲ့ ထပ်မံမြှင့်တင်နိုင်မှာဖြစ်ပါ တယ်။ ပင်မ ကင်မရာဟာ 5 MP အရည်အသွေးရှိပြီး အရှေ့ဘက်ကိုတော့ 2MP ကင်မရာတပ်ဆင်ပေး ထားကြောင်း သိရှိရသည်။

Marcus Centre မှ Marcus Neo စမတ်ဖုန်းအသစ်ကို ၀ယ်ယူအသုံးပြုလိုသူများနှင့်အရောင်း ကိုယ်စားလှယ်ကြီးများအတွက် Pre Order မှာယူချင်ပါက (သို့မဟုတ်) အသေးစိတ်သိရှိလိုပါက ဖုန်း 09-254166573, 09-254281812, 09-250261065 နှင့် Hot Line ဖုန်း 01-200476 သို့ဆက်သွယ် စုံစမ်းမှာယူနိုင်ကြောင်း သိရှိရသည်။


တင်မျိုးသွင်
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment