♪ “ Apple ၏ 4" iPhone အသစ်နှင့်ပတ်သက်သော သတင်းများထွက်ပေါ် “ ♫


iPhone 6, 6 Plus ဖြင့် ကြီးမားသောဖုန်းများထုတ်လုပ်ခဲ့ပြီးကတည်းက Apple မှ 4" ဖုန်းထုတ်လုပ်ဦး မည်ဟူသောသတင်းသည် ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ အချို့သတင်းများ၌ iPhone 7c, 6c, 5c စသည် ဖြင့် အမျိုးမျိုးဖော်ပြခဲ့ကြသည်။ ယခုနောက်ဆုံးသတင်းအရ 4" iPhone အသစ်အား iPhone 5sc ဟု သတ်မှတ် မည်ဟုသိရပြီး iPhone 5S, iPhone 6 နှင့် 6S တို့ ပေါင်းစပ်ထားခြင်းဟုဆိုသည်။

iPhone 5sc တွင် ရှေ့ဘက်၌ အနည်းငယ်ခုံးထားသော ဖန်သား iPhone 6 ကဲ့သို့ ပါဝင်လာမည်ဟုဆို ထားသည်။ အဓိကကင်မရာမှာ 8MP နှင့် ရှေ့တွင် 1.2 MP ကင်မရာပါဝင်မည်ဟုဆိုပြီး iPhone 6 (သို့) 5S နှင့်တူညီမည်ဖြစ်သည်။ iPhone 6S ၏ Live Photo လည်း ပါဝင်လာဦးမည်ဟုသိရသည်။ iPhone 6 ၌ သုံး ထားသည့် A8 chipset ကို iPhone 5SC ၌ ဆက်လက်သုံးစွဲမည်ဟုဆိုထားပြီး iPhone 6S hardware အချို့ ဖြင့် ထပ်မံအားဖြည့်ထားကြောင်းလည်းသိရသည်။

Bluetooth 4.2, VoLTE, WiFi 802.11 ac စသည်တို့အပြင် NFC လည်းပါဝင်မည်ဖြစ်ပြီး Apple Pay အား သုံးစွဲနိုင်မည်ဖြစ်သည်။ Apple ၏ တရားဝင်ကြော်ငြာချက်အား မကြာမီကြားရမည်ဟုယူဆနိုင်ပြီး ထိုအချိန် ရောက်မှသာ အတည်ပြုနိုင်မည်ဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment