Viber Out ဝန်ဆောင်မှုပေးရန် စီစဉ်


မြန်မာနိုင်ငံအတွင်း Viber Out ဝန်ဆောင်မှုကို Red Dot နှင့် Viber တို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

Viber Out ကို အသုံးပြုခြင်းဖြင့် Viber သုံးစွဲသူများသည် Viber မသုံးသူများ၏ ကြိုးဖုန်းများ၊ မိုဘိုင်းဖုန်းများသို့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ပြည် တွင်းခေါ်ဆိုမှုများ သာမက ဈေးနှုန်းသက်သာသော ပြည်ပဖုန်းခေါ်ဆိုမှုများကိုလည်း ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ Red Dot ၏ အဆိုပါအစီအစဉ်မှာ မြန်မာနိုင်ငံသည် Viber မှ ငွေသားတိုက်ရိုက်ပေးသွင်းသူများကို Viber Out သုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးသော ဈေးကွက် တစ်ခုဖြစ်လာကြောင်း၊ အခြားနိုင်ငံများတွင် Viber Out သုံးစွဲနိုင်ရန် အတွက် ဘဏ် သို့မဟုတ် credit ကတ် လိုအပ်မည်ဖြစ်သော်လည်း ငွေသားကိုသာ တိုက်ရိုက်သုံးစွဲလေ့ရှိသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အခက်အခဲဖြစ်နေ၍ ထိုသို့ စီစဉ်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းအစီအစဉ်ဖြင့် Viber သုံးစွဲသူများသည် mobile operator များမှ ဝန်ဆောင်မှု ရယူသည့်နည်းတူ Red Dot ဆိုင်ခွဲများတွင် ငွေဖြည့်သွင်းပြီး Viber Out Account ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ လက်လီအရောင်းဆိုင်၊ စတိုးဆိုင်လုပ်ငန်းတွေကို စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာတွေ လုပ်သွားဖို့ရှိပါတယ် “ ဟု Red Dot တည်ထောင်သူနှင့် CEO ဖြစ်သူ John Nagle က ပြောသည်။

Red Dot ကို ၂၀၁၄ ခုနှစ် မေလတွင် စတင်တည်ထောင်ပြီး မြန်မာနိုင်ငံတွင်း လုပ်ငန်းများကို ဇန်နဝါရီ ၂၀၁၅ တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အီလက်ထရောနစ် မိုဘိုင်း ငွေဖြည့်သွင်းမှုဆိုင်ရာ ဝန်ဆောင်မှုကို ဆောင်ရွက်နေပြီး ဒေသတွင်း ဈေးကွက်နှင့် ကိုက်ညီစေမည့် အီလက်ထရောနစ် နည်းပညာအသုံးပြု ကျသင့်ငွေပေးဆောင်မှုလုပ်ငန်းများ၊ ဝယ်ယူသူ စီမံခန့်ခွဲမှုများဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိသည် ဟုသိရသည်။

 credit internetjournal
သီဟထိုက်
 www.thihahtike.com

0 comments:

Post a Comment