♪ ဈေးနှုန်း သက်သာတဲ့ Android စမတ်ဖုန်းကို မကြာမီ ထုတ်လုပ်တော့မဲ့ BlackBerry ♫


Android OS သုံး BlackBerry ရဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Priv ဟာ 2015 နှစ်ကုန်ပိုင်းလောက်က ထွက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ BlackBerry အနေနဲ့ priv ကို ဒေါ်လာ ၇၀၀ (ယခု ဒေါ်လာ ၆၅၀) နဲ့ ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ ဒေါ်လာ ၇၀၀ ဆိုတဲ့ ဈေးနှုန်းကြောင့် Black Berry ကို ကြိုက်နှစ်သက်တဲ့ အချို့ စမတ်ဖုန်းအသုံးပြုသူများက ဈေးနည်းနည်းကြီးတယ်လို့ ခံစားရပြီး BlackBerry ကို ကိုင်ချင်ပေမဲ့ ဒေါ်လာ ၄၀၀ ပဲတတ်နိုင်တယ်လို့ ပြောကြပါတယ်။

ဒီအချက်တွေကို သိရှိသွားတဲ့ Black Berry ရဲ့ CEO ဖြစ်သူ John Chen က ဒီနှစ် ၂၀၁၆ ဒီဇင်ဘာလလောက်မှာ Android OS သုံး BlackBerry စမတ်ဖုန်းကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးသွားမယ်လို့ ပြောကြားသွားပါတယ်။ အဆိုပါ စမတ်ဖုန်းမှာ Black Berry ရဲ့ အမှတ်အသားဖြစ်တဲ့ Keypad ရော Touch Screen ရောပါဝင်မှာဖြစ်ပြီး ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ ရောင်းချပေးနိုင်အောင် စီစဉ်သွားမယ်လို့ Black Berry ရဲ့ CEO က အင်တာဗျူး တစ်ခုမှာပြောကြားသွားပါတယ်။

နောက်ထပ် ထပ်မံပြီး Black Berry ရဲ့ CEO က ပြောကြားရာမှာ BB10 OS အသုံးပြုထားတဲ့ Black Berry တွေကို ထပ်ထုတ်ဖို့ အစီအစဉ်မရှိသေးပဲ ရောင်းအားနှေးနေတဲ့ ဒေါ်လာ ၇၀၀ တန် Android OS သုံး Black Berry ကို ရောင်းအားသွက်အောင် ဘယ်လို စီစဉ်ရမလဲဆိုတာကို အကြပ်ရိုက်နေလေရဲ့။ Black Berry အနေနဲ့ ယခုနှစ် ပထမသုံးလပတ်မှာ သူတို့ရဲ့ ဖုန်း မော်ဒယ်အားလုံး အလုံးအရေအတွက် ၆ သိန်းလောက်သာ ရောင်းချနိုင်နေသေးတာဖြစ်ပြီး သူတို့မျှော်မှန်းထားတဲ့ ရောင်းအား အရေအတွက်ထက် အရမ်း လျော့နည်းနေတာကြောင့် ရောင်းအားသွက်အောင် ဈေးနှုန်း အသင့်အတင့်ရှိတဲ့ Black Berry စမတ်ဖုန်းများကို ထုတ်လုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Ref: TechWorm
Aung Ko Htet (MMA)
#aungkohtet_mma


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment