အမေရိကန်နည်းပညာ ကုမ္ပဏီကြီး Apple ရဲ့ ဒုတိယသုံးလပတ် အမြတ်ဝင်ငွေကို ပြီးခဲ့တဲ့အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရမှာ ၁၃ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ နည်းပညာဘီလူးကြီးအနေရဲ့ သုံးလပတ်ရောင်းအားဟာ ဒေါ်လာ ၅၈ဘီလျံကနေ ၅၀.၅၆ ဘီလျံကို ကျဆင်းသွားခဲ့တာလည်း ဖြစ်တာကြောင့် ၂၀၀၃ခုနှစ်ကနေ ယခုအချိန်အတွင်းမှာ ပထမဆုံးအကြိမ်အမြတ်ငွေကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
Apple ဟာ iPhone တွေကိုသုံးလပတ်အတွင်းမှာ ဒေါ်လာ ၅၁.၂သန်းဖိုး iPhone တွေကိုရောင်းချခဲ့ရတာဖြစ်လို့ ၂၀၁၅ခုနှစ်၊ သုံးလပတ် ရောင်းချလို့ရတဲ့ဝင်ငွေ ဒေါ်လာ ၆၁.၂သန်းကနေ ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အဓိကရောင်းအားကျခဲ့တဲ့ နေရာဖြစ်ပြီးတော့ ၂၆ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။ Apple ရှယ်ယာတွေဟာလည်း ၈ရာခိုင်နှုန်းအထိကျဆင်းသွားတာဖြစ်ပြီး ၁၂လအတွင်းမှာ ၂၀ရာခိုင်နှုန်း ကျဆင်းဖို့ နီးစပ်သွားခဲ့ပါတယ်။
apple office
Apple ရဲ့ CEO ဖြစ်သူ Tim Cook ကတော့ ကုမ္ပဏီအနေနဲ့ ပြင်းထန်တဲ့စီးပွားရေး တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ iPhone ဟာ နည်းပညာသမိုင်းမှာ အအောင်မြင်ဆုံး ပစ္စည်းအဖြစ် သမိုင်းဝင်ထားခဲ့ပြီဖြစ်ပေမယ့် ယခုလိုကိစ္စတွေကြုံတွေ့လာတာဟာ Apple အတွက်စိုးရိမ်စရာဖြစ်လာတာလဲ ဖြစ်ပါတယ်။

Apple Watch တွေရဲ့ရောင်းအားကို ဒေါ်လာတစ်ဘီလျံအဖြစ် သုံးလတစ်ပတ်အတိုင်းကို သတ်မှတ်ထားပေမယ့် လုံလောက်ခြင်းမရှိလို့ iPhone လိုမျိုး ရောင်းအားကျသွားဖို့ စိုးရိမ်နေရာတာဖြစ်ပါတယ်။ ဒီအပြင် Apple ရဲ့ သုံးလပတ်အမြတ်ဟာ ဒေါ်လာ ၁၃.၅ဘီလျံကနေ ဒေါ်လာ ၁၀.၅ ဘီလျံကို ကျဆင်းနေတာလည်း ဖြစ်ပါတယ်။

နည်းပညာပစ္စည်းတွေရဲ့ အဓိက ကျောရိုးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ရောင်းအားကျဆင်းသွားခြင်းဟာ Apple အတွက် အဓိကထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ပြီး တရုတ်ပြညသူတွေရဲ့ အချက်အလက်တွေကို တရုတ်ပြည်မကြီးထဲမှာပဲ သိမ်းဆည်းရမယ်ဆိုတဲ့ အချက်အလက်ကို ချိုးဖောက်မိခဲ့လို့ Apple ရဲ့ iBooks နဲ့ iTunes Movie ဝန်ဆောင်မှုတွေ ပိတ်သိမ်းခံလိုက်ရတဲ့ နောက်ပိုင်းမှာ ဒီသတင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment