♪ Samsung က ဟန်းဆက်နှင့် Tablet များကို အွန်လိုင်းမှ စတင်ရောင်းချ ♫


Samsung သည် ၎င်း၏ ဟန်းဆက်များနှင့် Tablet များကို အွန်လိုင်းမှရောင်းချရန် s-estoremyanmar.com ကို မိတ်ဆက်ခဲ့ပြီး အဆိုပါ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဟန်းဆက်နှင့် Tablet များ ရောင်းချခြင်းနှင့် ကြိုတင် အော်ဒါမှာယူခြင်းကို လက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။

Samsung အနေဖြင့် အသစ်ထွက် Galaxy On7 ကို ကြိုတင်အော်ဒါအနေဖြင့် အဆိုပါဝက်ဘ်ဆိုက်မှ လက်ခံနေခြင်းဖြစ်ပြီး အော်ဒါနေဖြင့် ဝယ်ယူခဲ့ကြသည့် ဟန်းဆက်များကို မေလ ၃ ရက်မှ ၅ ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အိမ်အရောက် ပို့ဆောင်ပေးသွားမည်ဟု Samsung Myanmar က သတင်းထုတ်ပြန်ထားသည်။

“အွန်လိုင်းက ဒီလအတွင်း စခဲ့တာပါ။ မြန်မာပြည် ဈေးကွက်အတွင်းမှာ ရနိုင်တဲ့ဟန်းဆက်တွေကိုပဲ အွန်လိုင်းမှာတင်ပြီးတော့ ရောင်းတယ်။ ပိုက်ဆံကိုတော့ အိမ်ရောက်မှ ပေးလို့လည်းရတယ်။ ဘဏ်ကနေလွှဲပြီး ပေးမယ်ဆိုလည်း ရတယ်” ဟု Samsung Myanamr ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Samsung အနေဖြင့် အရောင်းဆိုင်များတွင်သာမက အွန်လိုင်းပေါ်မှာပါ ၎င်း၏ ထုတ်ကုန်များကို ရောင်းချရန် ကြိုးစားလုပ်ကိုင်နေခြင်းဖြစ်သော်လည်း အချို့သော ထုတ်ကုန်များကို အွန်လိုင်းသီးသန့်အနေဖြင့်သာ ရောင်းချသွားရန် စဉ်းစားထားခြင်း ဖြစ်သည်။

“ဥပမာ - On 7 မော်ဒယ်ဆိုရင် နိုင်ငံတကာမှာ အွန်လိုင်းသီးသန့်ပဲ ရောင်းတယ်။ ဒီမှာလည်း အွန်လိုင်းပေါ်ကနေပဲ ရောင်းတယ်။ ဒါပေမဲ့ ဒီက အသုံးပြုသူတွေက Off Line အနေနဲ့ပဲ ရယူချင်တယ် ဆိုရင်တော့ အရောင်းဆိုင်တွေမှာလည်း ရောင်းသွားဖြစ်မယ်ထင်တယ်” ဟု Samsung Myanmar ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Samsung အနေဖြင့် တစ်လနီးပါးခန့် အွန်လိုင်းမှတစ်ဆင့် ဟန်းဆက်ရောင်းချခဲ့ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းတွင်ကျယ်မှု အပိုင်းကို ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိသော်လည်း ၎င်းတို့သည် အွန်လိုင်းမှ မှာယူသူများအတွက် အိမ်အရောက် ပစ္စည်းပို့ပေးနေသည့်အပြင် လက်ဆောင်ပစ္စည်းများကိုလည်း တစ်ပါတည်း ပေးအပ်နေကြောင်း သိရသည်။

Credit to ==> Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment