♪ OPPO F1 Plus စမတ်ဖုန်းသစ်ကို ပြည်တွင်းဈေးကွက်သို့ ဧပြီလ အကုန်ပိုင်းတွင် ရောင်းချပေးသွားမည် ♫

Oppo F1 Plus

OPPO Myanmar အနေဖြင့် ကင်မရာပိုင်းဆိုင်ရာများကို ပိုမိုအလေးပေးထားပြီး လက်ရှိ ဈေးကွက်တွင်လူကြိုက်များနေသော OPPO F1 Selfie ဘုရင်ဖုန်းကို အခြေခံကာ အဆင့်မြှင့် တင်မှုများပြုလုပ်ပေးထားသည့် Oppo F1 Plus အား ပြည်တွင်းဈေးကွက်သို့ ဧပြီလကုန်ပိုင်းတွင် ရောက်ရှိလာတော့မည် ဟုသိရသည်။

အဆိုပါ OPPO F1 Plus စမတ်ဖုန်းသည် ကင်မရာအရည်အသွေးပိုင်းတွင်  ထူးခြားကောင်းမွန်သော 16MP အရည်အသွေးရှိ ရှေ့ကင်မရာကိုအသုံးပြုပေးထားသည့်အတွက် Selfie ရိုက်ကူးမှုအပိုင်းကို ပိုမိုအလေးပေးထားသည်ဟု သုံးသပ်နိုင်သည်။ ယနေ့မိုဘိုင်းဖုန်းရေစီးကြောင်းတွင် Selfie ရိုက်ကူးမှု ပိုမိုများပြားလာသော သုံးစွဲသူများအတွက် အထူးနှစ်ခြိုက်စရာစမတ်ဖုန်းကောင်း တစ်လုံးလည်း ဖြစ်လာစေ မည်ဖြစ်သည်။

  Selfie ရိုက်ကူးမှုအပိုင်းတွင် Panorama ပုံများကိုပါ ရိုက်ယူနိုင်မည့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး နောက်ကင်မရာအရည်အသွေးမှာမူ 13MP အမျိုးအစားကိုအသုံးပြု ထားသည်။ OPPO F1 Plus စမတ်ဖုန်းသည် ယခင် OPPO F1 ဖုန်းထက် မျက်နှာပြင်အရွယ်အစား ပိုင်းတွင်လည်း ပိုမိုကြီးမားသည့် Full HD အရည် အသွေးရှိ AMOLED အမျိုးအစား 5.5-inch display ကိုအသုံးပြုပေးထားပြီး အဆင့်မြင့် premium quality အရည်အသွေးရှိထုတ်ကုန်တစ်ခုဖြစ်သည့် အတွက် Touch Access (Fingerprint) ကိုပါ ရှေ့ဘက် Home Key တွင်ထည့်သွင်းပေးထားပြီး 0.2 second အတွင်းမှာပင် ဖုန်းကို unlock လုပ်ပေးနိုင်စေမည်ဖြစ်သည်။

RAM 4 GB ကိုအသုံးပြု ပေးထားခြင်းကြောင့် မြန်ဆန်သွက်လက်သည့်ထိတွေ့သုံးစွဲမှုမျိုးကို ရရှိစေဦး မည်ဖြစ်ပြီး Color OS 3.0 version ကြောင့် ဖုန်း၏ လုပ်ဆောင်မှုအပိုင်းများမှာ ယခင် Color OS 2.1 နှင့်နှိုင်းယှဉ်ပါက များစွာမြန်ဆန်လာမည်ဖြစ်သည်။


Credit to ==> Myanmar Digital Life Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment