♪ သင်ဘယ်နေရာသွားသွား Selfies ဓါတ်ပုံတွေရိုက်ပေးမဲ့ Hover Drone ကင်မရာ ♫


Selfies ဓါတ်ပုံတွေကို ရိုက်ကူးဖို့အတွက် Selfie Stick ကိုသွားနေရာနေရာတိုင်းကို ယူဆောင်သွားရတာ အလုပ်ရှုပ်လွန်းလှပါတယ်။ အခုဆိုရင် ဘေဂျင်း အခြေစိုက် Zero Zero Robotics အဖွဲ့မှ ဖန်တီးထုတ်လုပ်လိုက်တဲ့ Drone ကင်မရာလေးဟာ မိမိသွားလေရာ နေရာတိုင်းကို ခေါက်ပြီး အိပ်ကဒ်ထဲထည့်ကာသယ်ဆောင်နိုင်သလို အချိန်မရွေးနေရာမရွေး လျင်မြန်စွာ ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။ မိမိလိုအပ်တဲ့အချိန်မှာ Hover Drone လေးကို ဖြန့်ပြီးလေထဲမှာ လွှင့်တင်ထားနိုင်သလို မိမိနဲ့ ဝေးကွာတဲ့နေရာတွေကို ရောက်သွားမှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို အဆိုပါ Drone လေးက ခြေရာခံ မှတ်သားနိုင်လို့ပဲဖြစ်ပါတယ်။

Hover Drone လေးကောင်းမွန်စွာ အလုပ်လုပ်ဖို့အတွက် Qualcomm ရဲ့ Snapdragon Flight Platform ကို အသုံးပြုထားပါတယ်။ Hover Drone လေးရဲ့ ကင်မရာကို အသုံးပြုထားတဲ့ Processor ကလည်း 2.3GHz ရှိတဲ့ Quad-Core Qualcomm Snapdragon 801 processor ကိုအသုံးပြုထားတဲ့အတွက် လွယ်ကူ ချောမွေ့ လျင်မြန်စွာ ဓါတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Hover Drone လေးရဲ့ အလေးချိန်ကလည်း ၂၄၀ ဂရမ်သာ အလေးချိန်ရှိပါတယ်။

ကင်မရာအမျိုးအစားကတော့ 13 MP ကို အသုံးပြုထားပြီး 12 MP အရည်သွေး ရှိတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 4K Resolution ရှိတဲ့ ဗီဒီယိုတွေကိုရိုက်ကူးနိုင်တဲ့အပြင် ၃၆၀ ဒီဂရီ Feature နဲ့လည်း ဗီဒီယိုတွေကိုရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Hover Drone ကင်မရာဟာ အမြင့်ပေ ၁၆၄ ပေအထိ ပျံသန်းနိုင်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Ref: TechWorm
Aung Ko Htet (MMA)
#aungkohtet_mma

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment